Monday, September 2, 2013

ဘလော့ဂ်ဒေး အမှတ်တရ မှောက်ပြတဲ့ စာလေး


အင်တာနက် သုံးရင်း 31-8-2013 ဟာ ဘလော့ဂါဒေး ဆိုတာ အမှတ်ရတယ်... စာရေးချင်စိတ်ပေါ်လာလို့ စာရေး ကြည့်တယ်... ဘလောဂါမသက်ဝေ က အိတ်သွန်ဖာမှောက် ဆိုလို့ ရွှေစင်ဦး လည်း မှောက်ဖို့ စဉ်းစား လိုက်တော့ မှောက်စရာ အိတ် က မရှိ ... ရှိတဲ့ အိတ်ကို ချွတ် မှောက် ရင်လည်း မြန်မာ အလင်းဆောင်မဲ့ ခင်ဝင့်ဝါ လေး ငိုသွားမှာစိုးလို့ မမှောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ... ရွှေစင်ဦး မှာ ဘာအိတ် မှ မရှိပါဘူး.. အသုံးလိုသမျှကို အင်္ကျီအိတ် ထဲမှာဘဲ ထည့်ထားတဲ့ အတွက် ဒီတက်ဂ်ပိုစ့် လေး ကို အကျီ ချွတ် မခါနိုင်တဲ့ အတွက်ရေးလို့ မဖြစ်ပါဘူး ... ဒါကြောင့် ရောက်တတ်ရာရာ အခုတလော စဉ်းစားဖြစ်ခဲ့တဲ့ အိတ်သွန်ဖာမှောက် ဇာတ်လမ်းကြောင်းလေး တွေဘဲ ရေးပါမယ်.....

အင်တာနက် ပေါ်မှာ အထူးသဖြင့် ဖေစ်ဘွတ်ပေါ်မှာ လူမျိုးရေးခွဲခြားမှု့ တွေ အများဆုံး တွေ့နေပါတယ် ... နိုင်ငံ အရေးနဲ့ ပါတ်သက်လို့လည်း ဘာသာရေး လူမျိုးရေး ခွဲခြားမှု့ကြောင့် ဖြစ်တဲ့ ပြဿနာတွေ အများဆုံး တွေ့နေပါတယ်... မန္တလေး သူ တယောက်အနေ နဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှု့ သဘောထား ခံယူချက်တွေ အတွက် ကိုယ့်ကို ကိုယ် ပြန်စမ်းစစ် မိပါတယ် ... ငယ်ငယ်လေး ကထဲက လူမျိုးရေး ခွဲခြားခဲ့လား .. ခွဲခြားရမှန်း မသိပါဘူး.. ဘာသာရေး ခွဲခြားခဲ့လား .. ဒါတော့ ခွဲတယ် ... ဘယ်သာသာဝင် တွေရဲ့ ဘယ်နေ့ဆို ဘယ်လို အစားတွေ စားရမယ် ဆိုတာဘဲ ခွဲခြားခဲ့ပါတယ် ...   ခရစ်စမတ် နီးရင် ပျော်တယ် ... ခရစ်ယာန် သူငယ်ချင်း   တွေနဲ့ ပျော်ကြမယ် ... မုန့်စားမယ် ...

တရုတ်နှစ်သစ်ကူး နီးရင် သူငယ်ချင်းတရုတ်မလေး အိမ်က ၀က်ခြံ ကို စေ့စေ့ မကြည့်တော့ပါဘူး ... နှစ်ကူးရက် ရောက်မှဘဲ ပါးစပ်ထဲ ထည့်ပါတယ် .... တနှစ်ကို ဝက်တကောင် သတ်ပြီးတော့ ဝက်နဲ့ ပတ်သက်တဲ့ ဟင်းမျိုးစုံ ချက်ပြီး နှစ်ကူးစားသောက်ပွဲ မှာ ပျော်ပျော်ကြီး ဆင်နွဲလေ့ ရှိတဲ့ အကျင့် သူငယ်ချင်း အိမ်မှာ ရှိပါတယ်.....

 အစ်နေ့ လည်း အတူတူပါဘဲ ... ငယ်သူငယ်ချင်း တယောက် ရဲ့ မေမေ က အစ် နီးရင် ကျနော်တို့စားချင် တဲ့ အစာတွေ မေးနေကြပါ... အုန်းထမင်း ချက်ရမလား ... ဒန်ပေါက် ချက်ရမလား ... ဒန်ပေါက် ဆိုရင်လည်း အမဲသား မစားမှန်းသိတော့ ကြက်သား.. ဆိတ်သား နဲ့ ချက်ကျွေး ပါတယ် ... ဟိန္ဒူ မီးထွန်းပွဲ ဆိုလည်း မုန့်အချိုတွေ မလိုင်မုန့်တွေ အဝတီးကြပါတယ် ... ကိုယ်နဲ့ ဘာသာမတူသူတွေ နဲ့ သူတို့ ရဲ့ နေ့ထူးနေ့မြတ်မှာ ပျော်ရွှင်ခဲ့တာတွေ ပါ ... ကျန်တဲ့ အပိုင်းတွေ ကတော့ သူငယ်ချင်း တွေ ထုံးစံ အတိုင်းဘဲ ... ပျော်စရာရှိပျော်ကြ စိတ်ကောက်စရာရှိကောက်ကြ ပါဘဲ...

သူက ကုလား ဖြစ်လို့ ... တရုတ် ဖြစ်လို့ ... ဆိုပြီး မစဉ်းစားမိပါဘူး ... ကျန်တဲ့ သူငယ်ချင်းတွေ လည်း ဒီလိုပါဘဲဗျာ ... အခုကြမှ ဘယ်နဲ့ ဖြစ်ပြီး ဒီလောက် မုန်းတီးနေကြတာလည်း ...ငယ်စဉ်ဘဝ ကနေ အရွယ်ရောက်တဲ့ အထိ ဘယ်တရုတ် .. ကုလား ကမှ နှောက်ယှက်တာ မပြောနဲ့ ရီးစား စာပေးတာတောင် မခံရဘူးပါဘူး  ...  အခုအချိန်မှာ မျိုးချစ်ပုဂ္ဂိုလ် များက မျိုးစောင့်ဥပဒေ ဆိုတာ တွင်တွင်ပြောနေကြတော့ ... အရပ်ထဲမှာ လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်တာ တာတွေ ကိုပြန် စဉ်းစား မိပါတယ်...

ကျနော် တို့ ငယ်ငယ်သမဝါယမ ခေတ် ... ပါတီကောင်စီခေတ် က ပါတီကောင်စီ လူကြီး .. ရပ်ကွက်လူကြီး လုပ်တဲ့ ဦး....... ဆိုတာရှိတယ် ... သူက ဗုဒ္ဓဘာသာ ... သူ့မိန်းမ က အစ္စလမ်ဘာသာဝင် ... ကလေး   တွေ မွေးထားတာ အများကြီးဘဲ .. ကျနော်တို့ မောင်နှမ တွေ နဲ့ အစဉ်အဆက် သူငယ်ချင်း တွေဘဲ .. သူ့သားသမီး တွေ လည်း အတိအကျတော့ မသိပေမဲ့ ဗုဒ္ဓဘာသာ ယူတာများတယ် ထင်ပါတယ် ... သူတို့ လင်မယား လည်း ချစ်ချစ်ခင်ခင်ပါဘဲ ... အခု သူ့သားသမီး တွေတောင် အင်တာနက် သုံးပြီး ကျနော် ရေးတဲ့ စာကို ဖတ်ချင်ဖတ်နိုင်ပါတယ် ... သူတို့လင်မယားလည်း အိုအောင်မင်းအောင် အခု အချိန်ထိ   ပေါင်းသင်း   နေကြ ပါတယ် ...


ကျနော် တို့ ငယ်ငယ်က ကျနော် တို့အိမ်နဲ့ မျက်နှာချင်းဆိုင် မှာ ကိုကုလား လို့ ကျနော်တို့ ကခေါ်တဲ့ ကျနော်တို့ ထက် အသက်ရော အတန်းရော အများကြီးကြီး တဲ့ အိမ်နီးခြင်း တယောက် အကြောင်း ကို လည်း စဉ်းစားမိပါတယ် ... သူတို့ မိသားစုက အဖေ တယောက်လုပ်စာနဲ့ စားနေရတဲ့ အတွက် အဆင်မပြေကြ ပါဘူး .. မောင်နှမ တွေလည်း အများကြီးရှိပါတယ် ... ကိုကုလား က အကြီးဆုံး... ဗမာ ဗုဒ္ဓဘာသာပေမဲ့ အသားမဲတာ ကို အကြောင်းပြုပြီး ကိုကုလား နံမည်တွင်တာပါ ... သူ ဆယ်တန်းအောင် တော့ သူ့အဖေ အလုပ် လုပ်တဲ့ဌာန မှာ အလုပ်သွင်းပေးတယ် .. မိသားစု အဆင်ပြေခါစ ရှိသေးတယ် ... မိန်းမ ယူသွားပါတယ်..

မိန်းကလေးက အစ္စလာမ် ဘာသာဝင်ပါ ... သူ့ အမေကြီး အော်အော် ငိုတာ အခုထိကြားယောင်မိတယ် ... ကုလားလို့ ငါနာမည် မှည့်မိလို့များ တကယ် ကုလား ဖြစ်သွားတာလား ကုလား ရဲ့ ဆိုပြီးတော့ပါ  ... ကိုကုလား က အဲဒီဘာသာကိုပါ ပြောင်းလိုက်ရတာကိုး ... ဟိုတလောက သူ့အဒေါ်နဲ့ တွေ့လို အမှတ်တရ ကိုကုလား အကြောင်းမေးလိုက်ပါတယ် ... သူ့ မိသားစု နဲ့ အဆင်ပြေပြေ ပါဘဲတဲ့ ... ဒါပေမဲ့ ဒီဘက်က ဆွေမျိုး မိတ်ဆွေ များနဲ့တော့ အဆက်အသွယ် မရှိပါဘူး လို့ ပြောပါတယ် ......

နောက်တယောက် ကတော့ ကျနော် ကျောင်းပြီး မှ သိခဲ့ရတဲ့ သူငယ်ချင်းမလေး သူက လည်း အစ္စလာမ် ဘာသာဝင် ပါ ... သူ့ရီးစားက မြန်မာ ဗုဒ္ဓဘာသာ .. ငယ်ချစ်တွေ နှစ်ပေါင်းများစွာ ချစ်ခဲ့ကြတော့.. အချိန်တန် တော့ ယူချင်ကြတယ် .. ဒါပေမဲ့ သူငယ်ချင်း အစ္စလမ်မလေးက ဘာသာပြောင်း မှ လက်ထပ် မယ်လို့ ပြောလိုက်တယ်တဲ့ ... သူ့ရီးစား ဗုဒ္ဓဘာသာ ကလည်း ပြောင်းမယ်တဲ့ ... ကောင်လေး ရဲ့ မိဘ တွေ ညီအစ်ကို မောင်နှမတွေ ကတော့ ဘယ်သဘောတူကြမလည်း ... ကျနော့် စိတ်ထဲလည်း မကျေမနပ် ဖြစ်သွားတယ် .. ဘာလို့ ပြောင်းရမှာလည်း ကိုယ်ဘာသာ ကို ဘာလို့ စွန့်ရမှာလည်း ဆိုပြီး သူငယ်ချင်း  ကို တောင်ပြောမိပါသေးတယ် .. သူငယ်ချင်း ကတော့ သူတို့ ဘာသာက ဘာသာမတူရင် လက်ထပ်လို့ မရတဲ့ အတွက်ပါတဲ့ .. ဒါကြောင့် သူ့ချစ်သူ ဘာသာမပြောင်းချင်ရင်လည်း လက်မထပ်ဘဲ အခုလိုဘဲ တသက်လုံးနေသွားတော့မယ် လို့ ပြောပါတယ် ...

 ယောက်ကျားလေး ဘက် ကလည်း  ဘာသာမပြောင်းဖြစ်ပါဘူး ... နောက်တော့ အဲဒီ အစ္စလာမ် သူငယ်ချင်းကောင်မလေး က သူ့ရီးစား ဗုဒ္ဓဘာသာ ကောင်လေး နောက်ကို ခိုးရာ လိုက်ပြေးသွားပါတယ် ... မင်္ဂလာတော့ မဆောင်ကြတော့ဘူး ... အခုတော့ ကလေးနှစ်ယောက် ရနေကြပြီ.. ကောင်မလေး ဘက် နဲ့လည်း အဝင်အထွက် ပြန်ရှိသွားပြီ .. ကောင်လေးနဲ့ လည်း ဘာသာ မပြောင်းကြဘဲ .. ပေါင်းနေကြ ပါတယ် ... ချစ်ချစ်ခင်ခင် ပါဘဲ ... အခု ကျနော်တို့ အိမ်နား မှာဘဲ နေကြပါတယ် .........

နောက်ဆုံး တယောက်ကတော့ ကျနော် ရဲ့ အသိ ထဲကပါဘဲ ... မလေးရှား မှာ ဆယ်တန်းအောင် ကထဲက အလုပ်သွားလုပ်ပြီး မိဘ ကိုရှာကျွေးနေတာပါ ... မလေးသူလေး နဲ့ ရီးစားဖြစ်တယ် ... နှစ်ပေါင်း ကြာလာတော့ လက်ထပ်ကြတယ် ... ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အဲဒီ ယောက်ကျားလေး က အစ္စလာမ် ဘာသာ ကို အရင်ပြောင်းရပါတယ် ... သူ့ရဲ့ ဘာသာပြောင်းပွဲ ပုံတွေ ဖေစ်ဘွတ်ပေါ် မှာတင်ပါတယ် ... ပြီးရင် လက်ထပ် တဲ့ ပုံတွေ ပါတင်ပါတယ် ... လက်မထပ် ခင်က မြန်မာပြည် ပြန်လာပါသေးတယ် .. အမေနဲ့ ညီမ က ဘာသာ မပြောင်း ဖို့ မြန်မာပြည်မှာဘဲ ရှိတာလေး နဲ့ လုပ်စားဖို့ ငိုယိုပြီး တောင်းပန်ပါတယ် ...ဒါပေမဲ့လုံးဝ လက်မခံဘဲ မလေးရှား သူနဲ့ ယူသွားပါတယ် ... သူ ကြိုက်မကြိုက် မသိလို့ ဖေ့စ်ဘွတ် လင့်ခ် ကို တော့ တင်မပေးတော့ ပါဘူး...

မြန်မာမလေး များ ကုလားနဲ့ယူတာတော့ ကျနော့် မျက်မြင် မှတ်မှတ်ထင်ထင် ဖြစ်ရတဲ့ အတွေ့အကြုံမျိုး မရှိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး ... အခု အင်တာနက် ပေါ် မှာ ဖေ့စ်ဘွတ်ခ် သုံးမှဘဲ ဘယ် မြန်မာမလေး က ဘယ်ကုလား ကို ယူလို့ ဘာဖြစ်သွားတယ် .. ဘယ်လို အနှိပ်စက်ခံရတယ် ဆိုတာ ကြားပါတယ် ... ဒါကြောင့် ချစ်ညီမ ကိုတောင် ခဏ ခဏ ပြောဖြစ်တယ် ... ငါ့ကို က ဒီလောက် ဟိုးလေးတကျော် အနှိပ်စက်ခံ ဇာတ်လမ်းတွေ ကို ဖေ့စ်ဘွတ် သုံးမှ ဘဲ တွေ့ဘူး မြင်ဘူးတာ ဆိုတော့ တော်တော် ဗဟုသုတ နည်းတယ် .. လို့ ပြောမိပါတယ် ...  ဒါတောင် ဒီဘက်ခေတ်ရောက် မှ ဒီလောက် များများတွေ့ဘူးတာပါ ... ကျနော် စသုံး တုန်းက ဒါတွေ မရှိပါဘူး .. အခုမှဘဲ ဒီမိုကရေစီ ကို လျှောက်လှမ်းတော့မှဘဲ ဒါတွေ အတွေ့များလာတာပါ ...

ကျနော် နဲ့ ဟိုတလောက ခင်မင်တဲ့ ဦးဇင်း နဲ့ မျိုးစောင့် ဥပဒေ အကြောင်း ငြင်းကြ တာ မှတ်မိအုန်းမှာပါ ... (မျိုးစောင့် ဥပဒေ နဲ့ ရွှေစင်ဦး နဲ့) တနေ့ကတော့ အဲဒီ ဦးဇင်း နဲ့ ပါလာတဲ့ ဦးဇင်း က နောက် တခေါက် ပြန် လာပါတယ် ... ဒကာမကြီး ဟိုနေ့က ဟို ဦးဇင်း....  နဲ့ဒကာမကြီး  နဲ့ ငြင်း ကြတော့ ကျုပ်လည်း ဒကာမကြီး ဘက်ကပါ .. မျိုးစောင့် ဥပဒေ မလိုအပ်ဘူး လို့ ထင်ခဲ့ပါတယ်  ... ဒါပေမဲ့ အခု စိန်ပန်းထဲ မှာ ကျုပ် မျက်မြင် ဖြစ်ရပ်မှန် တွေ တွေ့လာတဲ့ အတွက် စိတ်ပြောင်းသွားပြီ ... မျိုးစောင့်ဥပဒေ ဆိုတာ လိုအပ်ပါ တယ် ...  အဲဒါ ဒကာမကြီးလည်း စိတ်ပြောင်းအောင် လို့ လာပြောတာဆိုပြီး အစ္စလာမ်ဘာသာ ဝင် ယောက်ကျား က ဗုဒ္ဓဘာသာဝင် မိန်းမ ကို နှိပ်စက် တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ပြောပြပါတယ် ...

တပည့်တော် ယုံပါတယ်ဘုရား ... နောက်ပြီး ဗုဒ္ဓဘာသာဝင် ယောက်ကျားက ဗုဒ္ဓဘာသာဝင်မိန်းမ ကို နှိပ်စက် တဲ့ ဇာတ်လမ်းလေး တွေ လည်း တပည့်တော် ပြောပြပါမယ် ဆိုတော့ ဦးဇင်း ငြိမ်သွားပါတယ် ... လူ အခြင်းခြင်း နှိပ်စက် ညှင်းပန်းတာ ကို တပည့်တော် လက်မခံပါဘူး .. ဘယ်ဘာသာဝင်ဆိုတာ မကြည့်ပါဘူး လို့ ပြောလိုက်ပါတယ် ... ဒါပေမဲ့ ဦးဇင်း က ဇွဲမလျှော့ ပါဘူး နောက်နေ့ မှာ မျိုးစောင့် ဥပဒေ ဆိုတဲ့ အခွေလေး လာပို့သွားပါတယ် ... ဒကာမကြီး နားထောင်ဖြစ်အောင် ထောင်ပါလို့ လည်း ပြော သွားပါတယ် ... ကျနော် ယူထားလိုက်ပါတယ် ..  ဦးဇင်း စိတ်ချမ်းသာပါစေတော့ .. သူတို့ မေတ္တာရှိတဲ့ ဒကာမကြီး အမြင်မှန်ရအောင် ကျိုးစားကြတာပါ ... တကယ့် အရိုးခံ ဘာပရောဂ မှ မပါဘူးဆိုတာ ယုံကြည်ပါတယ် ...

ကျနော် တို့ မန္တလေး ဆိုတာ မီးလောင်လည်း ဘုန်းကြီးတွေ က ရှေ့ဆုံးက နေပြီး.. ဒကာ၊ ဒကာမ တွေ ကို အမြဲတမ်း အကာကွယ်ပေးနေကြ ... ၈၈၈၈ အရေးတော်ပုံကြီး တုန်းကလည်း တမြို့ လုံး  အေးချမ်းအောင် ...... စောင့်ရှောက် ပေးခဲ့တယ် ... ပြည်သူ နဲ့ လက်တွဲလို့ စစ်အစိုးရ ကို ဖြုတ်ချဖို့ ကျိုးစား ပါဝင်ခဲ့တယ် .. ၂၀၀၇ သံဃာအရေးအခင်း တုန်းကလည်း အသေခံ..... အဖမ်းခံပြီး အာဏာရှင် တွေကို ဖြုတ်ချဖို့ ကျိုးစားခဲ့ တယ် ..မသင့်တော်တာ ရှိရင်လည်း ဘုန်းဘုန်းတွေ က ဆုံးမပဲ့ပြင်ခဲ့တယ် .. ဘာသာရေး အသိကြွယ်အောင် ဆိုဆုံးမ ခဲ့တယ် ... အချစ်ဆုံး အဖိုးက လည်း ဘုန်းကြီး ၀တ်နဲ့ တချိန်လုံး ဘုရားစာသင် တရားထိုင်သင် ဆိုတော့ ဘုန်းဘုန်းတွေ ကို ကြည်ညိုပြီးသား ...  လေးစားပြီးသားပါ..  ထောင်ထဲမှာ မန္တလေး က ဂဠုန်နီဘုန်းဘုန်း..  ငြိမ်းချမ်းရေးကိုယ်တော်.. နဲ့ တခြားဘုန်းဘုန်း များ အနှိပ်စက်ခံရတယ် ကြားရတုန်းက မျက်ရေ ကျလောက်အောင် စိတ်ထိခိုက်ရပါတယ် ...

မြန်မာပြည် မှာ အထူးသဖြင့် နယ်ဘက်မှာက သားယောက်ကျားလေးများကို အလှူအတန်း လုပ်ပြီးတဲ့ အခါ သာသနာ့ဘောင်မှာ ပျော်မွေ့သွားရင် သိပ်ဝမ်းသာကြပါတယ် .. ကျောင်းထိုင်ဘုန်းဘုန်းများ ကလည်း ဥာဏ်ကောင်းတဲ့ ကိုရင်များကို လူပြန်မထွက်စေချင်တော့ပါဘူး ... အဲဒီတော့ မြန်မာပြည်က လူတော်များ (နယ်ဘက်က အများစုပေါ့) ဟာ ငယ်ဖြူ ကိုယ်တော်များ ဖြစ်နေကြပါတယ် ...

လူလောက သဘာဝတွေ .. နိုင်ငံရေးပရိယာယ် တွေ နဲ့ အာဏာရှင် တွေ ရဲ့ ညစ်ပတ် စုတ်ပြတ်ပုံ ယုတ်မာ ကောက်ကျစ်ပုံ ကို အလုံးစုံ နားမလည်နိုင်အောင် ရိုးသားကြပါတယ် .. ဒါကြောင့် ဘုန်းဘုန်း များလည်း အခုအချိန်မှာ မျိုးစောင့်ဥပဒေ လို သဘောထား ကွဲပြားစေတဲ့ အရာတွေ ကို ခဏ ထားလိုက်ပါအုန်း ... လို့ တောင်းပန်ချင်ပါတယ် ....  မျိုးစောင့်ဥပဒေ ကနေ အမုန်းမီးပွားများ ပေါက်ဖွား လာပြီး တိုင်းပြည်မအေးချမ်း တဲ့ အတွက် ကယ်တင်ရှင်များက တိုင်းပြည် ကို ဂျောက်ထဲ မကြအောင် ကယ်တင်ကြ ပါလိမ့်မယ် ဘုရား ..... တပည့်တော် တို့ ပြည်သူများ နောက်တကြိမ် အကယ် မခံနိုင်တော့ ပါဘူး ...

အခု တပည့်တော်တို့ မြန်မာပြည်မှာ အာဏာရှင်လက်အောက် က လွတ်မြောက်ဖို့ လမ်းစလေး ရေးရေးပေါ်နေပါတယ် . ဒါပေမဲ့ အာဏာ လက် မလွှတ်ချင် တဲ့ သူတွေ ... အာဏာရူး တွေ ရှိနေပါတယ် ... အာဏာ လက်မလွှတ်ရအောင် ဘက်ပေါင်းစုံကနေ ပြည်သူများ.. သံဃာများ.. ဘာသာကွဲများ.. နိုင်ငံရေးသမားများ.. တိုင်းရင်းသားများ ကို စည်းရုံးရေး ပျက်ပြားအောင် အကြီးအကျယ် လုပ်ဆောင်နေကြတယ် လို့ တပည်တော်ထင်တဲ့ အတွက် အခုအချိန်မှာ လမ်းစလေးရေးရေး ကို မပျောက်အောင် ထိမ်းသိမ်းဖို့ ကလွဲပြီး မျိုးစောင့်ဥပဒေ အပါအဝင် ညီညွတ်ရေး ပျက်ပြားစေတဲ့ အရာအားလုံး ကို စိတ်မ၀င်စားပါဘူး လို့ ပြောချင်ပါတယ် ဘုရား ...

နောက်ဆက်တွဲ အနေနဲ့ ပြောရရင် ကျနော် နဲ့ သိကျွမ်းတဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ ရှိပါတယ် ... တနေ့က ဆရာမ က ဗုဒ္ဓဘာသာလား လို့ မေးပါတယ် .. ဟုတ်တယ်လို့ ပြောတော့ စီဒီခွေလေး ထုတ်ပေးပါတယ် ... ၉၆၉ မှာ ဈေးဝယ်ဖို့ ဆိုတဲ့အခွေလေးပါ .. ကျနော်ဖွင့်မကြည့်မိပါဘူး ... တော်တော်လည်း စိတ်ပျက် သွားပါတယ်  .. M.Res လုပ်နေတဲ့ ကလေးတွေပါ ... ဒီလို ပညာတတ် ကလေး တွေ ရဲ့ ဦးနှောက်ထဲ မှာ  ဒီလို အတွေးအခေါ်တွေ ၀င်ရောက်နေ တာ ဟာ တိုင်းပြည် အတွက် မကောင်းတဲ့ အလားအလာ တွေပါ ...

ကျနော် တို့ မြန်မာပြည်ကြီး တိုးတက်ဖွင့်ဖြိုးရေးအတွက် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု့ တွေ လိုအပ်နေတဲ့ အချိန်မှာ အမြင်ကျဉ်းမြှောင်းတဲ့ ၉၆၉ မှာ ဈေးဝယ်ပါ ဆိုတဲ့ ဆောင်ပုဒ် ကို လည်း လက်မခံနိုင်ပါဘူး .. ဒီအတိုင်းသာ ဆက်သွားနေရင် ၉၆၉ မှာ ဈေးဝယ်ရရုံတင် မကဘူး.. နောက်ဆိုရင် အပ်ချီလုံး တလုံးနဲ့ ဓါတ်ခဲ တလုံး ... ဆန်တပြည် ကို တနေကုန် တန်းစီပြီ ထုတ်ရတဲ့ သမ၀ါယမ ခေတ်ကို ပြန်ရောက်ပြီး ... အာဏာရှင် တွေ လက်အောက် မှာ ပြန်လည် ဒူးထောက်ရလိမ့်မယ် ... လို့ ကျနော် ထင်ပါတယ်..

ဘလော့ဂါတဦး အနေနဲ့ ရေးသင့်တယ် ထင်တဲ့ ပိုစ့်လေးကို ဘလော့ဂ်ဒေး အမှတ်တရလေး ရေး လိုက် ပါတယ် ...  ဧရာဝတီအရေး ကဲ့ သို့ အရေးကြီးတဲ့ နောက်ထပ်... နှစ်ပေါင်းများစွာ အာဏာရှင် များ လက်ထဲ ဆက်လက် နေရမဲ့ အရေးလို့ လည်း ကျနော် ထင်ပါတယ် ... ဒါကြောင့် ဒီပိုစ့် လေး ကို ရေးပါတယ်


 ကျနော့် ဘလော့ဂ်လေးမှာ လေးနှစ်ကျော် ဖတ်ရှု့ အားပေးခဲ့ကြတဲ့ စာဖတ်သူ မိတ်ဆွေ များကိုလည်း အထူးကျေးဇူး တင်ပါတယ် ... အခုတလော အလုပ်နည်းနည်း များတဲ့အတွက် ... ဘလော့ဂ်လိပ်စာလည်း အပြောင်းအလဲ ဖြစ်သွားတဲ့ အတွက် ...  စာတင်တာ နည်းနည်း အဆက်ပြတ်သွားပါတယ် ... အားလုံး ကို တောင်းပန်ပါတယ် ... ဘလော့ဂါ မိတ်ဆွေများလည်း လင့်ခ် လေးပြောင်းချိတ်ပေးကြပါ... ကျနော်လည်း ဆက်လက်ပြီး စာကောင်းလေးများ တင်ပေးနိုင်ဖို့ ကျိုးစားပါမယ် ....

 ကျနော့် ဘလော့ဂ်လေး မှာ တင်ထားတဲ့ ဆောင်ပုဒ်လေး ရှိပါတယ် ...  အောက်မှာထပ်ဖော်ပြ ထားပါတယ် ... အဲဒီအတိုင်းဘဲ ကျနော် ကျင့်သုံး မှာပါ ...
“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”
“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
အားလုံးကိုလေးစားလျှက်
ရွှေစင်ဦး 
http://www.shwezinu.blogspot.com
.

21 comments:

Anonymous said...

ကျွန်တော်ဖတ်သွားတယ်အစ်မရေး)
ဘလော့ဒေးကိုလည်းမသိလိုက်ပါဖူးဗျာာ
ကနေ့အားလို့ အွန်လိုင်းတက်တား)

မောင်ဘကြိုင်

rose of sharon said...

(တပည့်တော် တို့ ပြည်သူများ နောက်တကြိမ် အကယ် မခံနိုင်တော့ ပါဘူး ... )
နောက်တစ်ခါဆိုတာတွေးတောင်မတွေးရဲဘူး :(

ဟန်ကြည် said...

ဟာ မရွှေစင်...

ဒီတစ်ပို့စ်ထဲနဲ့တင် အမှတ်ပြည့်ပေးလိုက်ပြီ...ဘယ်သူဆဲဆဲ ကျွန်တော်လည်း ခံလိုက်မယ်ဗျာ...မရွှေစင်အမြင်နဲ့ ကျွန်တော့်အမြင် တစ်ထပ်တည်းပဲ...

ကျွန်တော်တို့လူမျိုးက လူမျိုးကြီးကိုးဗျ...ငါလူမျိုးကို ငါ့ဘာသာကို ငါတို့ချင်းပဲ အနိုင်ကျင့်မယ် သူများအနိုင်ကျင့်တာတော့ လုံးဝလက်သင့်မခံဘူးဆိုတာပဲ ထင်ပါရဲ့...ဒါမို့ ကြွေးကြော်သံတောင် ပြောင်းပေးလိုက်ချင်တယ်...

တံဇဉ်မျိုးဟေ့ တို့ဗမာ...( အတွင်းဘက်ပဲ လှည့်ပြီးရှနေတော့တာကိုး...)

ဦးဟန်ကြည်ကတော့လူကို လူလို့ပဲမြင်ပါတယ်...ကိုယ်တိုင်က ဗုဒ္ဓဘာသာကို နှစ်တန်းနှစ်ကစပြီး ရှစ်တန်းကျောင်းပိတ်တဲ့အထိ ဘုန်းကြီးကျောင်းမှာ နွေသုံးလတိုင်း သင်ယူခဲ့တာမို့ မိရိုးဖလာအဆင့်ထက်ပိုတဲ့ ဗုဒ္ဓဘာသာလို့လည်း ခံယူပါသဗျား...

စာဖတ်ရင်းနဲ့ အောင်ပင်လယ်ကန်မှာ အိမ်ရှေ့ကိုယ်တော်ကြီး ရေမြှုပ်မိုင်းခွဲတော့ ငါးသတ္တ၀ါတွေသေလို့ စိတ်မကောင်းဖြစ်ပြီး ဆွမ်းဘုဉ်းမပေတဲ့ မင်းဆရာတော်ကို သတိရတယ်...အင်း သူ့အကြိုက်လိုက်ပြီး မိုင်းမခွဲရတော့ တိုင်းပြည်ကျွန်ဖြစ်ပါလေရော...ခက်ပါ့

အမြင်ကို ခပ်ရှင်းရှင်းပြောရရင်...ဘာသာတိုင်းရဲ့ ဘာသာဝင် အတုတွေ ဂယောင်ထတာကြောင့် တိုင်းပြည်ကြီး ကမောက်မကဖြစ်တာလို့ပဲ ပြောပါရစေ...စစ်မှန်သော ဘာသာဝင်များဖြစ်ကြပါစေဗျာ...

sosegado said...

Sometime injustice itself injustice

လသာည said...

ညီမနဲ့ ခင်တဲ့ ဦးဇင်းကလည်း အဲလိုပြောသေးတယ်။ ညီမတော့ ရယ်ပြီး ဒီလိုပြန်ပြောလိုက်တယ်..။ " ဦးဇင်း တပည့်တော် ဗုဒဘာသာဝင်ပီပီ သာသနာကို ကြည်ညိုပါတယ်။ မျိုးစောင့်ဥပဒေကြီးတော့ မကြိုက်လို့ စီဒီချပ် မကြည့်တော့ပါဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိတဲ့ ဒီမိုကရေစီခေတ်မို့ ဦးဇင်းလည်း သဘောထားတူမယ့် တခြားသူတွေကို ပေးဝေလိုက်ပါဘုရား"လို့ :D

သူလည်း ဇွတ်မပေးပါဘူး။ ပြုံးပြီး ပြန်ကြွသွားတယ်။ နောက်တော့ အိမ်နားက သုံးလေးအိမ်ကို ဝေခဲ့တယ်လို့ ကြားတာပဲ.

ဘလော့ဒေး အမှတ်တရလေး ရေးပေးတာ ကျေးဇူးတင်ပါတယ်။ မမ စာ တွေ မဖတ်ရတာကြာပြီ။

Anonymous said...

ဒီမိုကရေစီပန်းတိုင် ရောက်ပြီလား လူတိုင်း တန်းကူ အခွင့်အရေး ရကြပြီလား.....ဒီ post ကို အပြည့်အဝ ထောက်ခံပါတယ် ....

Sonata Cantata said...

မမရွှေစင်နဲ့ တသဘောတည်းပဲ...
ဒီပို့စ်အတွက်
ကျေးဇူးတင် လေးစားပါတယ်။

seesein said...

တို့အမလေး မှောက်စရာအိတ်မရှိလို့သနားပြီးနေတာ...အင်း တို့အမတော့ အိတ်လေးတလုံးလောက်ဝယ်ပေးအုံးမှလောက်လို့တွေးမိတယ်....(ကြွပ်ကြွပ်အိတ်ပဲဝယ်ပေးမှာပါဗျာ.... လက်ထဲကိုင်သမျှ တွေ့တဲ့နေရာချပစ်ခဲ့လွန်းလို့ပါ)..သူ့ခမျာ မှောက်စရာမရှိရှာကြံမှောက်တော့တာပဲ....ဘယ်လိုမှောက်မှောက်ပါလေ......တန်းစီတိုးစောင့်မျက်နှာငယ်ငယ်နဲ့ ၀ယ်ယူရတဲ့ဘ၀မျိုး ဘယ်တော့မှ မရောက်ပါရစေနဲ့ဗျာ...

ချစ်ညီမ
seesein

Thet Oo said...

အာဏာရှင်တွေရဲ့ နောက်ဆုံးနဲ့ အပြင်းထန်ဆုံး တိုက်ကွက်ပါပဲဗျာ...။ မြန်မာပြည်ကြီး ကျော်လွှားနိုင်ပါစေ...။

kay said...

တကမ္ဘာလုံးပဲ ဆွေမျိုးတော်ကြပါသတဲ့.. မရွှေစင်ဦး..မစည်းစိမ်ရှင် တို့ရေ။ ဘလော့မှာ အဲ့ဒီလို နှုတ်မဆက်ရတာ ကြာပါပေါ့..

ရွှေအိမ်စည်မေ said...

အရမ်းသဘောကျတယ် မမ
Bravo !!!!

မြသွေးနီ said...

မရွှေစင်ရေ...
ဘလော့ဒေးနဲ့ အိတ်မှောက် တက်ဂ်ပို့နှစ်ခု ရောပြီး ရေးလိုက်တာ စိတ်ကူးကောင်းလိုက်တာ... :)
ခံစားချက်တွေ ထပ်တူကျတယ်...
ကိုယ်တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်နေပေမဲ့ ကိုယ့်ရဲ့စိတ်၊ စဉ်းစားဆင်ခြင်ဥာဏ်၊ လွတ်လပ်စွာ တွေးခေါ်မျှော်မြင်နိုင်မှုတွေကို အခုလို ဥပဒေတွေနဲ့ အနားသတ်တာကိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဖူး အစ်မရယ်..။

ashinuttama817@gmail.com said...

မျိုးမစစ်ရေးတဲ့ ခွေးစာကို မျိုးမစစ်တဲ့ ခွေးမျိုးတွေက comment ပေးကျတယ်

သိ င်္ဂါ ရ said...

ဘာသာရေး နဲ့ ပတ်သက်လို့ ဖြစ်တဲ့ စစ်ပွဲ ၊ အရေးအခင်း ဆိုတာ ကမ္ဘာမှာ နှစ်အရှည်ကြာဆုံးတွေပါပဲ ... ။ ဘယ်သူမဆို ... ကိုယ် ယုံကြည်ကိုးကွယ်တဲ့ ဘာသာ ကို အထွဋ်အမြတ် ထားတတ်စမြဲပါပဲ ... ။ ဒါပေမယ့် ... အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ဘာသာရေး စစ်ပွဲ ၊ လူမျိုးရေး စစ်ပွဲ တွေ လို့ မမြင်မိပါဘူး ။ အာဏာရူး ၊ စစ်ခွေးလက်ကျန် ၊ နိုင်ငံရေးသမားတွေ ရဲ့ တိုင်းပြည်လူထု အပေါ် ပါးလှည့်နားကိုက်ချင်တဲ့ နိုင်ငံရေးလှည့်ကွက်တွေလို့ ပဲ ယူဆချင်ပါတယ် ။

သိ င်္ဂါ ရ said...

ဘာသာရေး နဲ့ ပတ်သက်လို့ ဖြစ်တဲ့ စစ်ပွဲ ၊ အရေးအခင်း ဆိုတာ ကမ္ဘာမှာ နှစ်အရှည်ကြာဆုံးတွေပါပဲ ... ။ ဘယ်သူမဆို ... ကိုယ် ယုံကြည်ကိုးကွယ်တဲ့ ဘာသာ ကို အထွဋ်အမြတ် ထားတတ်စမြဲပါပဲ ... ။ ဒါပေမယ့် ... အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ဘာသာရေး စစ်ပွဲ ၊ လူမျိုးရေး စစ်ပွဲ တွေ လို့ မမြင်မိပါဘူး ။ အာဏာရူး ၊ စစ်ခွေးလက်ကျန် ၊ နိုင်ငံရေးသမားတွေ ရဲ့ တိုင်းပြည်လူထု အပေါ် ပါးလှည့်နားကိုက်ချင်တဲ့ နိုင်ငံရေးလှည့်ကွက်တွေလို့ ပဲ ယူဆချင်ပါတယ် ။

ညိမ်းနိုင် said...

ဖတ်ချင်လွန်းလို့ မနဲရှာဖွေဝင်လာရတယ်...၊ကျွန်တော့်
ဆီမှာ အစ်မလင့်က သေသွားပြီရယ်...။ခုလိုဖတ်လိုက်
ရတော့လည်း အားရစရာကောင်းလိုက်တာအစ်မရာ..။

Anonymous said...

အမ...မအားတဲ့ကြားက လာမန့်သွားတယ်..

တလောကလုံးကြားအောင်ပြောလိုက်ချင်တယ်..
အဲဒီဥပဒေလုံးဝ လက်မခံဘူး

ငါ့အမ..ရေးမဲ့ရေးတော့..အနှစ်တွေကွာ...

ဗရာဗို..အမ

မြတ်နိုး

Anonymous said...

ငါလိုးမတွေ ဆဲတယ်ကွာ ပြောချင်ပြော စောက်အရေးအသားကိုက စောက်ခွေးမျိုးမှန်းသိသာလိုက်တာ မင်းရေးတာ စာမဖြစ်သေးပါဘူးကွာ မြန်မာစာကို သေချာသင်လိုက်အုံး မင်းနှမကို အရင်ပေးစားကြည့်လိုက် မင်းအမေရော
အေး ငါ့ဆီမှာ မင်းတို့ရဲ့ သောက်ခွေးမတွေ ရှိထားတယ်
ကျွတ်ကျွတ် ပယ်ပယ်နယ်နယ် အားရစရာကြီးကွ မင်းတို့ကြည့်ချင်ရင် videoတင်ပေးမယ်
သိပ်အထင်တွေကြီးမနေနဲ့ မင်းတို့ခြံလောက်တော့ ထပ်ကာလိုက်အုံး

HtooHtoo said...

လေးစားပါတယ် အမရေ။

ခိုင်လေး ( ရွှေတောင် ) said...

အရမ်းကို အနှစ်သာရ ရှိတဲ့ စာလေးပါ မမ ။ လေးစားမိပါတယ် ။ ဖတ်ရတာ အကျိုးရှိစေပါတယ် ။

ခိုင်လေး ( ရွှေတောင် ) said...


မမရေ မမရေးသားတာကို အပြည့်ဝ ထောက်ခံပါတယ် ။

အရေးသားကို လေးစားအားကျလျှက်ပါ။

ကိုယ်တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်နေပေမဲ့ ကိုယ့်ရဲ့စိတ်၊ စဉ်းစားဆင်ခြင်ဥာဏ်၊ လွတ်လပ်စွာ တွေးခေါ်မျှော်မြင်နိုင်မှုတွေကို အခုလို ဥပဒေတွေနဲ့ အနားသတ်တာကိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဖူး အစ်မရယ်..။ဆိုတဲ့
မမမြသွေးနီ ခံယူချက်လေးကိုလည်း နှစ်သက်မိပါတယ် ။

ခိုင်လေး ( ရွှေတောင် )