Saturday, January 29, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၃)

သမီးကြီး မျက်စိအောက်က ပျောက်သွာကတည်းက အဖေဟာ လုံးဝစိတ်ဓာတ်ကျသွာပါတော့ တယ်။ အင်နီ နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကျွန်တော်တို့အဖေလည်း ပျောက်ကွယ် သွားပါတော့တယ်။ အဖေ့ရယ်သံ လည်း မကြားရတော့ပါဘူး။ အမြဲတမ်း သုန်မှုန်ငြိမ်သက်နေပါ တော့တယ်။ ကျွန်တော်တို့ လူငယ် တွေ ကတော့ အစ်မကြီး ကို နှမြောပေမယ့် ညစာစားတဲ့အခါ ဝေစုလေး နည်းနည်းပိုရလို့ ကျိတ်ပြီး ကျေနပ်နေကြပါတယ်။

တစ်နေ့ မှာ အမေ မုန့်ရောင်းပြီး ပြန်အလာမှာ သတင်းတစ်ခု ပါလာတယ်။ တန်ဆုံးဆယ် လော်ရီ ကားကြီး တစ်စီး တာလပတ် တွေ အုပ်ပြီး ဖြတ်မောင်းသွားတာ တွေ့လိုက်ကြတယ်တဲ့။ ပြောင်းဆန် တွေတင်ပြီး ချာမာမာ ကို သွားတာတဲ့။ အိမ်ပြန်ရောက်ရောက်ချင်း အမေက ကျွန်တော့်ကို ခေါ်တာပါ။
'မနက် အစောကြီး ထပြီး ချာမာမာကိုသွား။ စိုက်ပျိုးရေး ကုန်စည်ဒိုင်မှာ သွားမေး၊ အဲဒီမှာ ရောင်းလိမ့်မယ် ထင်တယ်'
အမေ့ ဟာ သေချာရဲ့လားဗျာ၊ ပြောင်းဆန် တွေ မဟုတ်ဘဲ ဓာတ်မြေသြဇာတွေ မဖြစ်နိုင်ဘူးလား

'နင် ငါပြော တဲ့ အတိုင်းလုပ်၊ လျှာမရှည်နဲ့ မနက်ဖြန် စောစောထသွား'
အမေ ပြောတာ မှန် ပါတယ်။ တစ်ပုံး ကို ရှစ်ရာနဲ့ ရောင်းနေတယ်တဲ့။ နောက်လ ပိုတက်ဦးမယ် တဲ့။ တစ်ပုံးနှစ်ပုံး လောက် ၀ယ်လို့ရရင် ကျွန်တော်တို့အတွက် စိတ်အေးရပါပြီ။
မနက်ငါးနာရီ မှ ထပြီးစက်ဘီးနဲ့ ကျွန်တော်ထွက်ခဲ့ပါတယ်။ မြန်မြန်ရောက်အောင် တစ်လမ်းလုံး ဖြတ်လမ်း တွေ ကချည်း စီးခဲ့ပါတယ်။ ဘယ်လမ်းလိုက်လိုက် ဂျုံအိတ်ခွံတွေထမ်းပြီး ချာမာမာကို ဦးတည် သွားနေ တဲ့ လူတွေအများကြီး တွေ့ရပါတယ်။

'ချာမာမာကိုလားဗျို့'
ကျွန်တော်လှမ်းမေးကြည့်တော့ 'အေး'လို့ ဖြေကြပါတယ်။
ချာမာမာဈေးနား ရောက်တော့ ပြတင်းပေါက်တွေကို အပြာနဲ့အဖြူရောင် ဆေးသုတ်ထားတဲ့ ကုန်စည် ဒိုင် ကို တွေ့ပါတယ်။ အလိုကျွန်တော် မျက်စိကို ကျွန်တော်မယုံနိုင်အောင် ဖြစ်သွား ပါတယ်။ လူတန်းကြီးက အရှည်ကြီး ပါလား။ ကုန်စည်ဒိုင် တံခါးပေါက်ကနေပြီး မြို့ပြင် ဘောလုံး ကွင်းနား ရောက်တဲ့အထိပါပဲ။ ယောက်ျား တစ်တန်း၊ မိန်းမ က တစ်တန်း၊ စက်ဘီးကို ခြံစည်း ရိုးမှာ ထောင်ပြီး ကျွန်တော် ၀င်စီ လိုက် ပါတယ်။ ချက်ချင်း ပဲ ကျွန်တော့်နောက်မှာ လူတန်းရှည်ကြီး ဖြစ်သွားပါတယ်။

မနက် ၆နာရီ ၁၅မိနစ် မှာ မိုးစင်စင်မလင်းသေးပါဘူး။ ရာသီဥတုက သာထောင့်သာယာ၊ အေးအေး မြမြပါပဲ။ မကြာ ပါဘူး၊ နေလုံးကြီး ဘွားခနဲ ပေါ်လာတာနဲ့ ပူလောင်အိုက်စပ်လာပါတော့တယ်။ လူတိုင်း ဆာလောင် မွတ်သိပ်မူ ဒဏ် ကို အလူးအလဲ ခံရတော့မယ် ဆိုတာ ကျွန်တော် သိလိုက်ပါပြီ။ လူတွေကို ကြည့်လိုက်တော့ အားလုံး သာခွေယိုင်တွေချည်းပါပဲ။ မျက်တွင်းဟောက်ပက်တွေနဲက။ နေရောင်ခြည်ကို သူတို့ မကြည့်နိုင် ကြပါဘူး။ အားလုံး မျက်ခုံး တွေ ရှုံ့ထားကြတယ်။ သူတို့ အစာမအား ရတာ တော်တော်ကြာပြီဆိုတာ သေချာ ပါတယ်။

ဒီနေ့ ပြောင်းဆန်မရရင် သူတို့ အသက် ရှင်ဖို့မလွယ်ဘူး ထင်ပါတယ် နေမြင့်လာတဲ့အခါ လူတွေဟာ ဟင်းရွက်ပြုတ် လို ညှိုးခွေ ယိမ်းယိုင်လာပါတယ်။ ကျွန်တော့် ရှေ့က အဘိုးကြီးဟာ တဆတ်ဆတ်တုန် နေပါတယ်။ အသက် ကိုခဲရာခက်ဆစ်ရှူနေရပါတယ်။ လူတန်းကြီး ရှေ့တစ်လှမ်းတိုးတော့ အဘိုးကြီး မလှမ်းနိုင် တော့ပါ ဘူး။ ဒူးခွေပြီး လဲကျသွားပါတော့တယ်။ အဲဒ်ီမှာ လူတွေက ဘာမှမထူးဆန်းသလို သူ့ကို ခွကျော် သွားကြပါတယ်။ တစ်ဆက်တည်းက မိန်းမတချို့မှာ ကလေးတွေပါလာပါတ်။ အော်သံ ငိုသံ အစာ တောင်းသံ တွေနဲ့ ဆူညံနေပါတယ်။ အဲဒီကလေး ငိုသံတွေ ကို ကျွန်တော့နားထဲမှာ ခုထိကြားယောင် နေဆဲ ဖြစ်ပါတယ်။

နေမြင့်လာတော့ လူတချို့က သူတို့နေရာတွေကို ရောင်းစားကြပါတယ်။ သူတို့က ပိုက်ဆံမရှိ ကြဘူး။ မနက် သုံးနာရီ ကတည်းက နေရာလယူထားကြတာ။ ကုန်စည်ဒိုင်အဆောက်အအုံးနာ ရောက်တာနဲ့ နောက်လူ တွေ ကို လှည့်ပြောတယ်။ 'ကျွန်တော့နေရာကို ၀င်လိုက်ပါလား၊ ရောက် တော့မယ်' အဲဒီနေရာ ရောင်းစားပြီး မှ နောက်ဆုံးကို သွားပြီး တန်းစီကြတယ်။ တချို့ကလည်း ဆာလောင်မှု ဒဏ်ကြောင့် မျက်လုံး တွေ အရောင်အဆင်းမဲ့နေပြီ လဲကျလုနီး လူဆီသွားပြီး 'ကျွန် တော့နေရာက ရောက်ဖို့ ဆယ်မိနစ်လောက်ပဲ လိုတော့တယ်။ နေရာချင်းလဲပါလား။ ခင်ဗျားထွက် လာရင်ကျွန်တော့အတွက် ပြောင်းဆစ်ဆုပ်လောက် စွန့်ကျဲ ခဲ့ရင် တော်ပါပြီ'လိုက ပြောတဲ့လူတွေ လည်းရှိတယ်။

မနက်အစောကြီး အိမ်က မထွက်ခင် ကျွန်တော့်ကို အမေမုန့်တစ်ချပ် ကျွေးလိုက်ပါတယ်။ ခုအချိန် ဗိုက်ထဲ ဘာမှ မရှိတော့ဘူး ထင်ပါရဲ့။ ချွေးထွေက ကျွန်တော်လက်ချောင်းကလေးတွေကအစ စက်စက်နစ်အောင် ထွက်နေ ပါတယ်။ လူတွေဆီက ထွက်နေတဲ့ အနံ့အသက်ကြောင့် မခံနိုင် လောက်အောင်ပျို့ချင် အန်ချင် ဖြစ်လာနေပါပြီ။

တံခါးပေါက် ဆီ ကို ကျွန်တော်တို့ တစ်လက်မချင်း ရွေ့နေပါတယ်။ ကြာတော့ လူတွေ သည်းမခံ နိုင် တော့ သလို နောက်ကနေ တွန်းစပြုလာတယ်။ တစ်ချက်မှာ နောက်ကလူက အရှိန်ပြင်းပြင်းနဲ့ တွန်းလိုက်လို့ ရှေ့က လူကို ကျွန်တော် သွားဆောင့်မိပါတော့တယ်။ သူလဲကျမသွားအောင် သူ့ပခုံးကိုကိုင်ပြီး မနည်း ထိန်ထား လိုက်ရပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ လူတွေက နောက်ဆုတ် သွားလိုက်၊ အားနဲ့ ဆောင့်တိုး လိုက် လုပ်လာပါတော့တယ်။

သည်းမခံနိုင်တော့ဘဲ အသံမျိုးနဲ့ 'ဟေ့ဘာလို့ ကျော်တက်တာလဲကွ'ဆိုပြီး အော်ဆဲသံတွေ စကြားလာရ တယ်။
လူတွေ ထပ်ရောက်လာကြတုန်း။ ဗြောင်းဆန်က ကားတစ်စီးတိုက်တည်း။ ကိုယ့်အလှည့် ရောက် ပါတော့ မလား ဆိုပြီး လူတွေ တွေးပူလာပုံရပါတယ်။ တံခါးဝနားမှာ ရောက်နေတဲ့ နှစ်တန်း စလုံး ရုတ်ရုတ်သဲသဲ ဖြစ်စ ပြုလာတယ်။ နောက်က တွန်းအားက ပြင်းသထက် ပြင်းလာပြီး ရှေ့လူ ရဲ့နောက်ကျောနဲ့ ကျွန်တော့် ရင်ဘတ် ပြားချပ် နေအောင် ကပ်နေပါပြီ၊ အသက်ရှူကျပ်သည်ထက် ကျပ်လာပြီ၊ ကျွန်တော်က ခြေစုံကန်ပြီး အသက်ရှူ ဖို့ ဘေးတိုးထွက်လိုက်တော့နောက်ကလူ မထိန်း နိုင်ဘဲ လဲကျသွားပါတယ်။ သူ့နောက်က လေးယောက်လည်း အရှိန်နဲ့ လဲကျသွာပါတော့ တယ်။ အဲဒီမှာတင် တာကျိုးသလို နေရာလပ်ပြီး လူတွေ အလုံးအရင်းနဲ့ တိုးဝင် လာကြ တော့တာ ပါပဲ။ လဲတဲ့လတွေကလည်း ဒူးတွေ၊ တံတောင်ဆစ်တွေ စုတ်ပြတ် လို့။

အဲဒီမှာ မမျှော်လင့်တာတစ်ခု ဖြစ်လာပါတယ်။ ဘုရားသခင် စောင်မကြည့်ရှု့တော်မူခြင်းလားမသိ ပါ။ ကလေးတွေ အငိုတိတ်သွားတယ်။ ဝေါခနဲမိုးတွေ ရွာချလာပါတယ်။ ကျွန်တော်တို့ လူသိုက် ဂိတ်ဝရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ရေတွေကို ဂျာ်ဒန်မြစ်ရေလို့ စိတ်ထဲ ထင်လာတယ်။ တောင်ထပ်ကနေ မြတ်သောမြေ ကို လှမ်းမြင်နေရသလို စိတ်ထဲထင်လာတယ်။ ရေပြင်ကို ကျော်ဖြတ် ပါတော့မယ်။

မိနစ်နှစ်ဆယ်အကြာမှ ကျွန်တော်တံခါးဝ ရောက်သွားပါပြီ။ နောက်တစ်စက္ကန့်အကြာမှ ကျွန်တော် အဆေက်အအုံထဲ ရောက်သွားပါတယ်။ ရှေ့မှာ ကျွန်တော် တံခါးလောက်မြင့်တဲ့ ပြောင်းဆန်ပုံကို လှမ်းမြင် ရပါပြီ။ လပေါင်းများစွာအတွင်း အများဆံးမြင်ရတဲ့ ပြောင်းဆန်ပုံ။ အမြင့်ဆုံး ပြောင်းဆန် ပုံ။ ပျော်လွန်းလို့ ကျွန်တော်တစ်ယောက် မူးရီမူးဝေ ဖြစ်သွားပါတယ်။ ကျွန်တော် အထဲရောက်မှ  နောက်ဘက်က ဆူညံသံ တွေ ပိုပြီး ကျယ်လောင်လာပါတယ်။

အဲဒီမှာ အလုပ်သမားနှစ်ယောက် ထွက်ပြီး အသံကျယ်ကျယ်အော်ပါတယ်။
လူကြီးမင်းများခင်ဗျား ကျွန်တော် တို့ မှာ ပြောင်းဆန် ငါးအိတ်လေက်ပဲ ကျန်ပါတော့တယ်။ နောက်ပိုင်းက ပုဂ္ဂိုလ်တွေ အပင်ပန်းမခံပါကြနဲ့တော့
ကျွန်တော် အရမ်းကံကောင်းသွားတာပါ။ လူတွေ ဆူပူအော်ဟစ် သောင်းကျန်းနေ ကြပါပြိ။ လဲကျသူ ကျ၊ ဆွဲထုတ် သွားသူကို ဆွဲထုတ်သွား။ ကလေးငိုသံ၊ ဆဲသံဆိုသံတွေ အစီစီပွက်သလို ဆူညံနေပါတယ်။
ကျွန်တော်က ပါလာတဲ့ ငွေလေးရာကို အသင့်ပြင်ထားပါတယ်။ နှစ်ဆယ်ကီလိုဂရမ်အတွက်ပါ။

စားပွဲတစ်လုံးမှာ ပိုက်ဆံသွင်းလိုက်တော့ စားရေးလုပ်သူက ဖြတ်ပိုင်တစ်ခုပေးပြီး ဗြောင်းဆန်ချိန် နေတဲ့နေရာကို လက်ညှိုးထိုးပြလိုက်ပါတယ်။ အဲဒီမှာ ပြောင်းဆန်ချိန်တဲ့ ဗလကောင်းကောင်း ပုဂ္ဂိုလ်က ကျွန်တော့ကို ပညာပြပါတော့တယ်။ ပုံးထဲကို ပြောင်းဆန်တွေ ဝေါခနဲ လောင်းထည့် လိုက်ပြီး ကပ်တား ပေါ်ပစ်တင်လိုက်ပါတယ်။ ပေါင်ချိန်ပြတံမျှား ပြေးလွှားနေတုန်းမှာပဲ ပုံးကို ဆွဲချပြီး ကျွန်တော်အိတ်ထဲ သွန်ချ လိုက်ပါတယ်။

'နောက်တစ်ယောက်'
ကျွန်တော်က မကျေနပ်တာနဲ့
'နေပါဦး ဒီမယ်ဗျာ'
'မင်းမကျေနပ်ရင် ထားခဲ့၊ မင်းနောက်မှာ လူတွေအများကြီး ရှိသေးတယ်။ နောက်တစ်ယောက်'
ကျွန်တော် ဘာမှမတတ်နိုင်တော့ပါ။ အိတ်ကိုထမ်းပြီး သုတ်ခြေတင် ထွက်လာခဲ့ပါတယ်။ ပေါင်မ ပြည့်လည်း အကြောင်းမဟုတ်တော့ပါဘူး။ ကျွန်တော်ဟာ အောင်နိုင်သူ တစ်ယောက်အဖြစ်နဲ့ လူအုပ်ကြီးထဲက ထိုးထွက် လာခဲ့ပါတယ်။

လူတစ်ယောက် ကကျွန်တော့်ဆီပြေးလာပြီး
'ဟေ့ဟေ့ ငါမင်းကို ငါးရာပေးမယ်'လို့ ပြောပါတယ်
နောက်တစ်ယောက်ကလည်း အော်မေးတ်။
'ဟေ့ချာတိတ်၊ ငါခြောက်ရာပေးမယ်'တဲ့။

ကျွန်တော်က သူတို့နှစ်ယောက်စလုံးကို မကြားချင်ယောင် ဆောင်ပြီး စက်ဘီးဆီ ရောက်ရောက် ချင်းကယ်ရီယာပေါ်မှာ အိတ်ကိုတင်ပြီး ကြိုးနဲ့ သိုင်းချည်လိုက်ပါတယ်။ သူတိုကလုမှာ စိုးရိမ်စိတ် နဲ့ ကျွန်တော် အမြန်ဆုံး လစ်ထွက်ခဲ့ပါတယ်။
အိမ်ပြန်ရောက်တော့ မိဘတွေနဲ့ ညီမတွေက ကျွန်တော်ကို သူရဲကောင်တစ်ယောက်လို ကြိုဆို ကြပါတယ်။ ကျွန်တော်ကတော့ ပေကျံစုတ်ပြတ်ပြီး ခြေကုန်လက်ပန်းကျနေပါပြီ။ အိတ်ကို အဖေ့ လက်ထဲ ထိုးထည့်လိုက်ပါတယ်။ အဖေချိန်ကြည့်တော့ ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ ဆယ့်ငါး ကီလိုပဲရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ် မိသားစုအတွက် တစ်ပတ်စာတော့ ရိကခါဖူလုံသွားပါတယ်။

မကြာခင်မှာပဲ လူတွေဟာ ပစ္စည်းတွေချရောင်းနေကြပါပြီ။ တစ်နေ့မှာ မိုးတွေရွာနေပါတယ်။ မိုးထဲ လေထဲမှာ လူတွေဟာ ပုရွက်ဆိတ်တန်းကြီးလို လမ်းပေါ်မှာ လျှောက်သွားနေကြတယ်။ ကျွန်တော် တို့ အိမ်နီးနားချင်း တွေ၊ အသိလယ်သမားတွေ အများကြီးပါတယ်။ မိန်းမတွေက မိုးဖိုချောင် ပစည်း တွေ ခေါင်းပေါ်ရွက် လို့ အချို့ကလည်း ရေပုံထဲမှာ အိုးတွေ ခွက်တွေ ပန်းကန်တွေ ထည့်လို့။ တချို့က အ၀တ်အစား ကိုတောင် ထုပ်ပိုးပြိး သယ်လာကြတယ်။ လူတစ်ယောက် ကြက်နှစ်ကောင် ကိုချိုင်းကြားတစ်ဖက် ဆီမှာ ဘယ်ညာပိုက်လို့။ ဆိတ်တွေကို ဆွဲလာတဲ့လူတွေလည်းပါတယ်။ သူတို့တွေက အာဟာရပြတ်နေကြသူတွေဖြစ်ပါတယ်။ ဝေးဝေးမလျှောက်နိုင်ကြဘူး။ ပစည်းတွေ ချ၊ ခဏနားပြီး လျှောက်နေကြရတာပါပဲ။

ကျွန်တော် အိမ်ရှေ့ထွက်ရပ်ပြီး လူတန်းကြီးကို ငေးကြည့်နေပါတယ်။ ခန်ဘာက ကျွန်တော့ ခြေရင်း မှာ ပျင်းတိပျင်းတွဲ လှဲအိပ်နေပါတယ်။ ယင်ကောင်တွေကို သူ့အမြီးနဲ့ ခပ်ပြီး မောင်းထုတ် နေပါတယ်။ ဒါပေမဲ့ အရင်ကလို သူ့အမြီးမသွက်တော့ပါဘူး။ သူ့ကိုဝအောင် မကျွေးနိုင်လို့ စိတ် မကောင်းဖြစ်ပြီ သူနဲ့မတွေ့အောင် ရှောင်နေတာ ကြာပါပြီ။ ဒီနေ့မနက်မှ ကျွန်တော့ကို တွေ့ သွားပြီး၊ ကျွန်တော့်အနား ကပ်နေတာပါ။ ကျွန်တော့်လိုပဲ သူကလည်း လူတန်းကြီးကို အိပ်လျက် ကငေးကြည့်နေပါတယ်။ သူတိုက အားလုံး ဟာ ဈေးဘက်ကို ဦးတည်ပြီး သွားနေပုံရပါတယ်။ တစ် သက်လုံး သုံးစွဲလာတဲ့ သူတို့ ပစ္စည်း ကလေး တွေကို ထုခွဲရောင်းချပြီး စားစရာရှာကြမှာ ဖြစ်ပါတယ်။ မိုးရွာနေတာကိုလည်း သူတို့ သတိ ထားမိကြ ဟန် မတူပါဘူး။ မိုးပါးသွားတာနဲ့ သူတို့နောက်ကို ကျွန်တော်လိုက်သွားပါတယ်။

မိုးဘယ်လောက်ရွာရွာ၊ ဈေးသည်အချို့ကတော့ ဧရာဝထီးကြီးတွေနဲ့ ဈေးရောင်းမပျက်ကြပါဘူး၊ ဒါပေမဲ့ ဈေးတန်း တော်တော်များများ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်နေပါပြီ။ လမ်းမပေါ်က အိမ်ဆိုင်တွေ လည်း ပိတ်ထား ပါတယ်။
ဈေးကလေး ဟာ ရောင်းဝယ်ဖောက်ကားရာ နေရာမဟုတ်တော့ပဲ အသက်ရှင်ရေးအတွက် ကုန်ပစည်း ဖလှယ် တဲ့ နေရာ ဖြစ်သွားပါပြီ။

ဆက်ရန်
.

No comments: