Thursday, October 28, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၉) အဆက် (၂)

အကယ်၍ ရန်သူရှိနာစစ်သားများ ကင်းလှည့်၍ ဂူအတွင်းသို့ ရောက်လာ လျှင်လည်း အောက်သို့ဆင်း၍ ခရိတ် တို့အား အချိန်မီ သတင်းပေးနိုင်မည်ဖြစ်သည်။
    ခရိတ်နှင့် တွန်ဂါတာသည် ရေငုတ်ကိရိယာများကို လက်တွေ့စမ်းသပ် မကြည့်မီ လျှို့ဝှက်ရေအိုင်ရှိရာသို့ သွားသည့် လမ်းကို အထူးဂရုစိုက်၍ လေ့လာကြလေသည်။ မတော်တဆ ရန်သူရှိနာစစ်သားများ ၀င်ရောက် လာပါ က ခုခံကာကွယ်နိုင်ရန် ခံတပ်သဖွယ် အကာအကွယ်ယူနိုင်မည့် နေရာများကိုလည်း ကြည့်ထားကြ လေသည်။

    အမှန်တော့ မြေအောက်သို့ရေအိုင်သို့ဆင်းသည့် လမ်းမှာ အလွန်ကျဉ်းမြောင်းသဖြင့် ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်ရန် မလွယ်ကူလေရာ တကယ်တမ်း သူသေကိုယ်သေ တိုက်ရမည်ဆိုလျှင် ရေအိုင်ထဲသို့ပင် ဆင်း၍ တိုက်ရန်မှ တပါး တစ်ခြားနည်းလမ်းမရှိကြောင်း သူတို့နှစ်ဦးစလုံး စိတ်ထဲမှသိနေကြသည်။
    တွန်ဂါတာသည် အရေးရှိလျှင် အသုံးပြုရန်အတွက် တိုကာရက်ဗ် ပစ္စတိုလ်သေနတ် ၏ ကျည်ဆန် လေးတောင့် ယူ၍ ဆီစိမ်စက္ကူပါးဖြင့် သေချာစွာ ရစ်ပတ်သုတ်လိုက်ပြီး ရေကန်၏ အစပ်နားရှိ ထုံးကျောက် တုံး နှစ်တုံးကြား တွင် ၀ှက်ထားလိုက်သည်။

    ယင်းအပြုအမူကို ခရိတ်နှင့်တကွ မိန်းကလေးနှစ်ဦးကပါ မြင်၍ အဓိပ္ပာယ်ကို ချက်ချင်း ရိပ်မိကြလေသည်။ အကယ်၍ ရန်သူအင်းအားများပြီး နှိပ်စက်ညှဉ်းပန်းခြင်း ကိုတော့ မခံလို။ မိမိတို့ကိုယ်ကိုယ် အဆုံး စီရင်လိုက်ရန် တွန်ဂါတာ က ဆုံးဖြတ်ထားကြောင်း သိသာလေသည်။
    ယင်းကြောင့်ပင်လျှင် ပစ္စတိုကျည်ဆန် လေးတောင့်ကို သီးသန့်ဖယ်ထားလိုက် ခြင်းဖြစ်သည်။

    လူလေးယောက်အတွက် ကျည်ဆန်လေးတောင့် အဓိပ္ပာယ်က ရှင်းနေပေသည်။ "အိုကေ အားလုံးတော့ အဆင်သင့်ပဲ။ ကျုပ်တို့ ဒီကိရိယာတွေ အခြေအနေတကယ် ကောင်းမကောင်း တစ်ခေါက် ဆင်းပြီး စမ်းကြည့် မယ်"

    ခရိတ်ကပြောလိုက်သဖြင့် တွန်ဂါတာနှင့် မိန်းကလေးနှစ်ဦးတို့က ရေငုတ်ကိရိယာ များကို ကူညီပြီး တပ်ဆင် ပေးကြလေသည်။
    မျက်နှာတွင် ဆောင်းရမည့် ဦးခေါင်းဆောင်း (ခမောက်) နှင့်တကွ အောက်ဆီဂျင်ဘူးများကို စနစ်တကျ တပ်ဆင် လိုက်ပြီးနောက် ခရိတ်သည် ရေအိုင်ထဲသို့ စတင်၍ ဆင်းလိုက်သည်။
    ကြိုတင်တွက်မိသည့်တိုင် ဘွိုင်ယင်စီခေါ်  သူ၏ ကိုယ်ပေါ့နေခြင်းသည် ပထမဆုံး ပြသာနာ ပင်ဖြစ်ကြောင်း လက်တွေ့ သိရလေသည်။ ရေထဲတွင် ကိုယ်ပေါ့နေသဖြင့် ခန္ဓာကိုယ်ကို တည့်မတ်စွာ ထားရန် ပင် ခက်နေလေသည်။

ထို့ကြောင့် ကျောက်တုံးလေးလေးကြီး တစ်လုံးကို သူ၏ကိုယ်တွင် ဆွဲထားလိုက် ပြီးမှ ပြန်၍ စမ်းသပ်ကြည့် ရလေသည်။ သို့သော် ကျောက်တုံးကို ဖြုတ်ပစ်လိုက် သည်နှင့်သူ၏ ကိုယ်သည် ပေါ့လာပြန်ကာ ရေမျက်နှာပြင် ဆီသို့ တိုးတက်လာ လေသည်။
ရေထဲ သို့ တစ်ခေါက်ငုပ်ကြည့်ပြီးနောက် ခရိတ်က သူ၏ အတွေ့အကြုံကို ပြောပြလေသည်။

"ရေအောက်ထဲကျတော့ အောက်ဆီဂျင်ဓာတ်ရှိလို့ အသက်ရှူလို့တော့ ရတယ်။ ဒါပေမဲ့ မျက်နှာဖုံး ခေါင်းဆောင်း က မလုံတဲ့အတွက်ေ၇တွေဝင်လာတယ်။ ဒါကသိပ်တော့ အရေးမကြဲီးပါဘူး။ ကျုပ်က ရေအောက် ထဲမှာပဲ နေရင်း အဲဒီရေတွေကို ပြန်ထုတ်ပစ်လို့ ရပါတယ်။

"ဒါဖြင့် ရှင် ဘယ်တော့လောက် ဆင်းငုပ်ဖို့ အဆင်သင့် ဖြစ်မှာလဲ"
ဆယ်လီ က မေးရ၊ ခရိတ်က-
"အခုပဲ အဆင်သင့် ဖြစ်နေပြီ"ဟု ပြန်ပြောလိုက်သည်။

တကယ်တော့ သူ၏စိတ်ထဲတွင်ကား ရေအောင်ထဲဆင်းငုပ်ခြင်းသည် အလွန်အန္တရာယ်များလှသဖြင့် ချောမော အောင်မြင် မည်ဟု တထစ်ချ တွက်၍ မရနိုင်ကြောင်း သူ၏ စိတ်ထဲတွင် သိနေလေသည်။
-----------------------------------------------------------------------------------------------------------------------
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် အဘိုးကြီး ဗူဆာမန်ဇီအားပြုံးလျက် စကားကို ညင်သာစွာပြောလေသည်။
"ကျုပ်က ကျေးရွာသူရွာသားတွေကို ကျုပ်ရဲ့ သားသမီးတွေ  လို သဘော ထား တယ်ဆိုတာ ခင်ဗျား နားလည် စေချင်တယ်။ ကျုပ်တို့ ရှိနာဘာသာနဲ့ တွေ့ကရာရှစ်သောင်းပြောတာကို ကောင်းကောင်း နားမလည် ဘူး"

အဘိုးကြီး ဗူဆာမန်ဇီက ရည်မွန်စွာပြောသယောင် ပြောလိုက်သော်လည်း သရော်သည့်လေသံပါနေလေရာ ဖွန်ဂါဘီယာ သည်  စိတ်တိုလာလျက် သူ၏အနီးရှိ ရှိနာ တပ်ကြပ်ကြီးအား လှမ်းကြည့်လိုက်သည်။

"ဟေ့.. စကားပြန်လုပ်မယ့်လူက ဘယ်မလဲကွ"
တပ်ကြပ်ကြီးက ရိုသေစွာ သူ၏စစ်သားများက စုရုံးခေါ်ယူထားသော ရွာသူရွာသားများရှိရာသို့ လျှောက် သွား လေသည်။ ပြောင်းခင်းများတွင် အလုပ်လုပ်သူများနှင့် တဲအိမ်များတွင် ရှိနေသူများအား ရှိနာစစ်သား များက အတင်းဆွဲခေါ်လာခဲ့ခြင်းဖြစ်ပြီး ယောကျာ်းဆို၍ အဘိုးကြီး ဗူဆာမန်ဇီတစ်ဦး တည်းသာပါပြီး ကျန်လူများမှာ အမျိုးတမီးနှင့် ကလေးသူငယ် လူမမညမအရွယ်များသာ ဖြစ်လေသည်။
အချို့ အမျိုးသမီးများဆိုလျှင် သက်ကြီးရွယ်အိုများဖြစ်လျက် အဘိုးကြီးဗူဆာမန်ဇီ နှင့် ရွယ်တူနီးပါး ဖြစ်နေ ကြသည်။ အမျိုးသမီးငယ်များကမူ သူတို့၏ ရင်သွေး
ငယ်များ ကို ကျောတွင် ပိုးလွယ်ထားကြသည်။

ကလေးသူငယ်များမှာကား အ၀တ်အစာမပါ ဗလာကျင်းနေကြသည်။. ပြည့်ဖြိုး လှပသော ကိုယ်ခန္ဓာ ပိုင်ရှင် မိန်းမပျို များလည်း ပါလေသည်။ ဖွန်ဂါဘီရာသည် ထိုလုံမပျိုတို့အား ပြုံး၍ ကြည့်လေသည်။
သို့ရာတွင် မိန်းမပျိုလေးများနှင့်တကွ ကျန်လူများအားလုံးတို့က မျက်နှာထား တည် တည် နှင့် ဖွန်ဂါဘီရာ အား ပြန်ကြည့် နေကြသည်။
"အသင် မာတာဘယ်ဘီ ခွေးငယ်ကလေး များသည် ယနေ့ညနေ မတိုင်မီ တ၀ုတ် ၀ုတ်နှင့် ဟောင်ကြ ဆူကြ ရပေဦးမည် "

ဖွန်ဂါဘီရာက သရော်သလို ပြောလိုက်ပြီးနောက် ရုရှဗိုလ်မှုးကြီး ရပ်စောင့်နေရာ သို့ ပြန်လျှောက် ခဲ့လေ သည်။
ဗိုလ်မှုးကြီးဘူခါ သည် စီးကရက်သောက်နေရာမှ သူ၏ ထင်မြင်ချက်ကို ပြောလေ သည်။

"ဒီအဘိုးကြီးက ခင်ဗျားဘာမှ မေးလို့ရမှာ မဟုတ်ဘူးဗျ။. သူက နာကျင်ခြင်းကို ခံရမှာတုန်လှုပ်မယ့်လူ မဟုတ်ဘုူး။ သူ့မျက်လုံးတွေကိုပဲ ကြည့်တော့။ အလွန်အ ယူသီးပြီး ခေါင်းမာတဲ့ လူတစ်ယောက်ဆိုတာ ပေါ်လွင် ထင်ရှားနေတယ်"
"ဟုတ်ပါတယ်။ ဒါပေမဲ့ သူလည်းပဲ တကယ်နာကျင်တဲ့ ဝေဒနာ ခံစားရရင် ကြာရှည် ခေါင်းမာနိုင်မှာ မဟုတ်ဘူး "
ဖွန်ဂါဘီရာ သည် ပြောလိုက်ပြဲီးနောက် စိတ်မရှည်ဟန်နှင့် လက်ပက်နာရီကို ကြည့်လိုက်ပြန်သည်။

" ဤသို့အော်ငေါက်၍ မေးလိုက်ပြန်သည်။
သို့ရာတွင် နောက်ထပ် တစ်နာရီခန့်အကြာမှ စကားပြန်လုပ်မည့် မာတာဘယ် လီအကျဉ်းသား ရောက်ရှိ လာလေသည်။ ထိုလူသည် ရှိုနာဘာသာစကးလည်း တတ်သူဖြစ်၍ အကျဉ်းစခန်းမှ ခေါ်ထုတ်လာခဲ့ကြခြင်း ဖြစ်သည်။

လက်ထိတ်ခတ်လျက် ခေါ်လာကြလေရာ ဖွန်ဂါဘီရာသည် ထိုလူ၏ လက်ထိပ် ကို ဖြုတ်ပေးလိုက်၇န် သူ၏ ရှိုနာ စစ်သားများ အား အမိန့်ပေးလိုက်သည်။
ထို့နောက် အဘိုးကြီး ဗူဆာမန်ဇီအား ကျေးရွာအလယ်ဗဟိုရှိ ကွက်လပ်သို့ ဆွဲခေါ်လာစေလေသည်။

ဖွန်ဂါဘီရာသည် အကျဉ်းသား (မာတာဘယ်လီ လူမျိုးအား) ရှိုနာဘာသာဖြင့် ညွန်ကြားချက် ပေးလေသည်။ သူက မေးသည့်မေးခွန်းကို အကျဉ်းသားက မာတာဘယ်လီဘာသာဖြင့် အဘိုးကြီး ဗူဆာမန်ဇီအား မေးရမည် ဖြစ်ပြဲီး အဘိုး ကြီးက ပြန်ဖြေကြားသည်ကို ရှိုနာဘာသာဖြင့် ဖွန်ဂါဘီရာထံ ပြန်၍ အစီရင်ခံရ မည် ဟု အမိန့်ပေး လိုက်သည်။
ယင်းသို့ ညွန်ကြားပြဲီးနောက် ဖွန်ဂါဘီရာက စတင်မေးခွန်းထုတ်လေသည်။

"ကဲ… အဘိုးကြီးကို ပြောလိုက်စမ်း ငါဟာ သူ့အဖေပဲလို့"
မာတာလီ အကျဉ်းသားလည်း အဘိုးကြီးနှင့် အပြန်အလှန် ပြောလိုက်ပြီးနောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာထံ ပြန် အစီရင်ခံ လေသည်။
"ဗိုလ်မှုးခင်ဗျား အဘိုးကြီးက ပြောပါတယ်။ သူ့ဖခင်ဟာ လူသားတစ်ယောက် ဖြစ်ပါတယ်တဲ့။ တောခွေး တစ်ကောင် မဟုတ်ဘူးတဲ့"
ဖွန်ဂါဘီရာ သည် သူ့အား တောခွေးနှင့် နှိုင်းပြောခံရသည်ကို ဒေါသထွက်လာ လေသည်။

"ဟေ့ကောင် သူ့ကို ပြောလိုက်စမ်း။ ငါဟာ သူနဲ့တကွ သူတို့ ရွာသားတွေကို စိတ်စေတနာကောင်း ထားခဲ့ သလောက် အခုတော့ အဘိုးကြီးကို ငါက အလွန်မကျေမနပ် ဖြစ်မိတယ်။ စိတ်လည်းဆိုးတယ်လို့ပြောလိုက်။ ငါ့မှာ စိတ်အနှောင့် အယှက် ဖြစ်တယ်"

"ဗိုလ်ချုပ်ခင်ဗျား အဘိုးကြီးဗူဆာမန်ဇီက ပြောပါတယ်။ သူ့ကြေင့် ဗိုလ်ချုပ်က စိတ်ဆင်းရဲခြင်း ဖြစ်၇တယ် ဆိုရင် သူကတော့ အလွန်ကျေနပ် သဘောကျပါ တယ်တဲ့"
"အဘိုးကြီးဟာ ငါတို့နိုင်ငံတော်ရဲ့ ရန်သူလေးဦးကို အကာအကွယ်ပေးပြီး အစာ ရေစာ တွပါ ကူညီ ထေက်ပံ့ နေတာ ငါသိတယ်လို့ ပြောလိုက်"
"နို်င်ငံတော် ရဲ့ ရန်သူတွေ ၀ှက်ထားတာ လုံးဝမရှိပါဘူးလို့ ပြောပါတယ်"

"ကောင်းပြီ၊ အခု မင်းက ဟိုဘက်က ရွာသူရွာသားတွေကို ပြောလိုက်စမ်း။ ငါတို့က နိုင်ငံတော်ကို သစ္စာဖောက်သူတွေ ပုန်းနေတဲ့နေရာကို သိချင်တယ်လို့ ထပ်ပြောလိုက်။ အဲဒီလူတွေရှိရာနေရာကို ရွာသူ ရွာသား တွေက ငါတို့ကို လိုက်ပြမယ်ဆိုရင် ဘယ်သူမှ ထိခိုက်နစ်နာမှာ မဟုတ်ဘူးလို့ ပြောလိုက်"

မာတာဘယ်လီ အကျဉ်သား (စကားပြန်) က အမျိုးသမီးများဘက်သို့ လှည့်၍ မာတာဘယ်လီဘာသာဖြင့် ဖွန်ဂါဘီရာ ၏ စကားကို အသေးစိတ် ပြောပြလိုက် သည်။
သို့သော် အမျိုးသမီးများသည် ဘာမှပြန်မပြောဘဲ စကားပြန်လုပ်သူကိုသာ  ပြူး ကျယ်သော မျက်လုံးများဖြင့် ပြန်ကြည့် နေကြသည်။
ထိုအခိုက် ကလေးငယ်တစ်ဦး ဟစ်အော်ငိုကြွေးလေရာ မိခင်ဖြစ်သူက ကလေး အား ကပျာကယာ ချော့မော့ရင်း နို့တိုက်လိုက်မှ ငြိမ်သွားတော့သည်။ ကျန်လူ အားလုံးသည် တစ်ခွန်းမှ ပြန်မပြောဘဲ ဆိတ်ဆိတ် နေ၍သာ ငေးကြည့်နေကြလေသည်။

ဗိုလ်ချုပ်နာစစ်သားများသည် အဘိုးကြီး ဗူဆာမန်ဇီအား လက်ပြန်ကြိုးတပ်နှောင် လိုက်ပြီး စစ်သားတစ်ဦးက ကြိုးပေး သတ်ရန် ပြင်ဆင်သည့် အနေဖြင့် ကြိုးတစ် ဖက်၌ ကွင်းဖြစ်အောင် ပြုလုပ်လိုက်သည်။
ထို့နောက် ကြိုးစတစ်ဖက်ကို ပြောင်းဖူးသိုလှောင်သည့် စင်ကြ၊ီး၏ သစ်သားတန်း ကြီးပေါ်သို့ ပစ်တင် ချည်နှောင် လိုက်ပြီး ကွင်းပါသော ကြိုးတစ်ဖက်ကိုမူ အဘိုး ကြီး၏ လည်ပင်းတွင် စွပ်ထားလိုက်သည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာ သည် စကားပြန် အကျဉ်းသားအားပြောပြသည်။

"သည်လူတွေကို ရှင်းရှင်းနားလည်အောင် ပြောလိုက်စမ်း။ သူတို့အထဲက တစ်ယောက်ယောက်က သစ္စာဖောက် ကောင်တွေ ပုန်းအောင်းနေတဲ့နေရာကို လိုက်ပြမယ်ဆိုရင် အခုပေးမယ့် အပြစ်ဒဏ်ကို ချက်ချင်း ပယ်ဖျက်ရပ်ပစ်လိုက် မယ်လို့ ပြောလိုက် ယောကျာ်းဆို၍ အဘိုးကြီး ဗူဆာမန်ဇီ တစ်ဦးတည်းသာ ပါပြီး ကျန်လူများမှာ အမျိုးတမီးနှင့် ကလေးသူငယ် လူမမညမအရွယ်များသာ ဖြစ်လေသည်။
အချို့ အမျိုးသမီးများဆိုလျှင် သက်ကြီးရွယ်အိုများဖြစ်လျက် အဘိုးကြီးဗူဆာမန် ဇီနှင့် ရွယ်တူနီးပါး ဖြစ်နေ ကြသည်။ အမျိုးသမီးငယ်များကမူ သူတို့၏ ရင်သွေး
ငယ်များ ကို ကျောတွင် ပိုးလွယ်ထားကြသည်။

ကလေးသူငယ်များမှာကား အ၀တ်အစာမပါ ဗလာကျင်းနေကြသည်။. ပြည့်ဖြိုး လှပသော ကိုယ်ခန္ဓာပိုင်ရှင် မိန်းမပျိုများလည်း ပါလေသည်။ ဖွန်ဂါဘီရာသည် ထိုလုံမပျိုတို့အား ပြုံး၍ ကြည့်လေသည်။
သို့ရာတွင် မိန်းမပျိုလေးများနှင့်တကွ ကျန်လူများအားလုံးတို့ကျက်နှာထားတည် တည် နှင့် ဖွန်ဂါဘီရာ အား ပြန်ကြည့် နေကြသည်။
"အသင် မာတာဘယ်ဘီ ခွေးငယ်ကလေးများသည် ယနေ့ညနေမတိုင်မီ တ၀ုတ် ၀ုတ်နှင့် ဟောင်ကြ ဆူကြရပေဦးမည် "
ဖွန်ဂါဘီရာ က သရော်သလို ပြောလိုက်ပြီးနောက် ရုရှဗိုလ်မှုးကြီး ရပ်စောင့်နေရာ သို့ ပြန်လျှောက်ခဲ့ လေသည်။

ဗိုလ်မှုးကြီးဘူခါသည် စီးကရက်သောက်နေရာမှ သူ၏ ထင်မြင်ချက်ကို ပြောလေ သည်။
"ဒီအဘိုးကြီး က ခင်ဗျားဘာမှ မေးလို့ရမှာ မဟုတ်ဘူးဗျ။. သူက နာကျင်ခြင်းကို ခံရမှာတုန်လှုပ်မယ့်လူ မဟုတ်ဘုူး။ သူ့မျက်လုံးတွေကိုပဲ ကြည့်တော့။ အလွန်အ ယူသီးပြီး ခေါင်းမာတဲ့ လူတစ်ယောက်ဆိုတာ ပေါ်လွင် ထင်ရှား နေတယ်"
"ဟုတ်ပါတယ်။ ဒါပေမဲ့ သူလည်းပဲ တကယ်နာကျင်တဲ့ ဝေဒနာ ခံစားရရင် ကြာရှည် ခေါင်းမာနိုင်မှာ မဟုတ်ဘူး "
ဖွန်ဂါဘီရာ သည် ပြောလိုက်ပြဲီးနောက် စိတ်မရှည်ဟန်နှင့် လက်ပက်နာရီကို ကြည့်လိုက်ပြန်သည်။

" ဤသို့အော်ငေါက်၍ မေးလိုက်ပြန်သည်။
သို့ရာတွင် နောက်ထပ် တစ်နာရီခန့်အကြာမှ စကားပြန်လုပ်မည့် မာတာဘယ် လီအကျဉ်းသား ရောက်ရှိ လာလေသည်။ ထိုလူသည် ရှိုနာဘာသာစကးလည်း တတ်သူဖြစ်၍ အကျဉ်းစခန်းမှ ခေါ်ထုတ် လာခဲ့ကြခြင်း ဖြစ်သည်။

လက်ထိတ်ခတ် လျက် ခေါ်လာကြလေရာ ဖွန်ဂါဘီရာသည် ထိုလူ၏ လက်ထိပ် ကို ဖြုတ်ပေးလိုက်ရန် သူ၏ ရှိုနာစစ်သား များအား အမိန့်ပေးလိုက်သည်။
ထို့နောက် အဘိုးကြီး ဗူဆာမန်ဇီအား ကျေးရွာအလယ်ဗဟိုရှိ ကွက်လပ်သို့ ဆွဲခေါ်လာစေလေသည်။
ဖွန်ဂါဘီရာသည် အကျဉ်းသား (မာတာဘယ်လီ လူမျိုးအား) ရှိုနဘာသာဖြင့် ညွန်ကြားချက် ပေးလေသည်။ သူက မေးသည့်မေးခွန်းကို အကျဉ်းသားက မာတာဘယ်လီဘာသာဖြင့် အဘိုးကြီး ဗူဆာမန်ဇီအား မေးရမည် ဖြစ်ပြဲီး အဘိုး ကြီးက ပြန်ဖြေကြားသည်ကို ရှိုနာဘာသာဖြင့် ဖွန်ဂါဘီရာထံ ပြန်၍ အစီရင်ခံရ မည် ဟု အမိန့်ပေးလိုက်သည်။
ယင်းသို့ ညွန်ကြားပြဲီးနောက် ဖွန်ဂါဘီရာက စတင်မေးခွန်းထုတ်လေသည်။

"ကဲ… အဘိုးကြီးကို ပြောလိုက်စမ်း ငါဟာ သူ့အဖေပဲလို့"
မာတာလီ အကျဉ်းသားလည်း အဘိုးကြီးနှင့် အပြန်အလှန် ပြောလိုက်ပြီးနောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာထံ ပြန် အစီရင်ခံလေသည်။
"ဗိုလ်မှုး ခင်ဗျား အဘိုးကြီးက ပြောပါတယ်။ သူ့ဖခင်ဟာ လူသားတစ်ယောက် ဖြစ်ပါတယ်တဲ့။ တောခွေး တစ်ကောင် မဟုတ်ဘူးတဲ့"
ဖွန်ဂါဘီရာ သည် သူ့အား တောခွေးနှင့် နှိုင်းပြောခံရသည်ကို ဒေါသထွက်လာ လေသည်။

"ဟေ့ကောင် သူ့ကို ပြောလိုက်စမ်း။ ငါဟာ သူနဲ့တကွ သူတို့ ရွာသားတွေကို စိတ်စေတနာကောင်း ထားခဲ့သလောက် အခုတော့ အဘိုးကြီးကို ငါက အလွန် မကျေမနပ်ဖြစ်မိတယ်။ စိတ်လည်း ဆိုးတယ်လို့ ပြောလိုက်။ ငါ့မှာ စိတ်အနှောင့် အယှက် ဖြစ်တယ်"
"ဗိုလ်ချုပ်ခင်ဗျား အဘိုးကြီးဗူဆာမန်ဇီက ပြောပါတယ်။ သူ့ကြေင့် ဗိုလ်ချုပ်က စိတ်ဆင်းရဲခြင်း ဖြစ်၇တယ်ဆိုရင် သူကတော့ အလွန်ကျေနပ် သဘောကျပါ တယ်တဲ့"
"အဘိုးကြီး ဟာ ငါတို့နိုင်ငံတော်ရဲ့ ရန်သူလေးဦးကို အကာအကွယ်ပေးပြီး အစာ ရေစသာတွေပါ ကူညီ ထေက်ပံ့ နေတာ ငါသိတယ်လို့ ပြောလိုက်"
"နို်င်ငံတော် ရဲ့ ရန်သူတွေ ၀ှက်ထားတာ လုံးဝမရှိပါဘူးလို့ ပြောပါတယ်"

"ကောင်းပြီ၊ အခု မင်းက ဟိုဘက်က ရွာသူရွာသားတွေကို ပြောလိုက်စမ်း။ ငါတို့က နိုင်ငံတော်ကို သစ္စာဖောက်သူတွေ ပုန်းနေတဲ့နေရာကို သိချင်တယ်လို့ ထပ်ပြောလိုက်။ အဲဒီလူတွေရှိရာနေရာကို ရွာသူရွာသား တွေက ငါတို့ကို လိုက်ပြမယ်ဆိုရင် ဘယ်သူမှ ထိခိုက်နစ်နာမှာ မဟုတ်ဘူးလို့ ပြောလိုက်"

မာတာဘယ်လီ အကျဉ်သား (စကားပြန်) က အမျိုးသမီးများဘက်သို့ လှည့်၍ မာတာဘယ်လီဘာသာဖြင့် ဖွန်ဂါဘီရာ၏ စကားကို အသေးစိတ် ပြောပြလိုက် သည်။
သို့သော် အမျိုးသမီးများသည် ဘာမှပြန်မပြောဘဲ စကားပြန်လုပ်သူကိုသာ  ပြူး ကျယ်သော မျက်လုံးများဖြင့် ပြန်ကြည့် နေကြသည်။
ထိုအခိုက် ကလေးငယ်တစ်ဦး ဟစ်အော်ငိုကြွေးလေရာ မိခင်ဖြစ်သူက ကလေး အား ကပျာကယာ ချော့မော့ရင်း နို့တိုက်လိုက်မှ ငြိမ်သွားတော့သည်။ ကျန်လူ အားလုံးသည် တစ်ခွန်းမှ ပြန်မပြောဘဲ ဆိတ်ဆိတ် နေ၍သာ ငေးကြည့်နေကြလေသည်။

ဗိုလ်ချုပ်နာစစ်သားများသည် အဘိုးကြီး ဗူဆာမန်ဇီအား လက်ပြန်ကြိုးတပ်နှောင် လိုက်ပြီး စစ်သားတစ်ဦးက ကြိုးပေးသတ်ရန် ပြင်ဆင်သည့် အနေဖြင့် ကြိုးတစ် ဖက်၌ ကွင်းဖြစ်အောင် ပြုလုပ်လိုက်သည်။
ထို့နောက်ကြိုးစတစ်ဖက်ကို ပြောင်းဖူးသိုလှောင်သည့် စင်ကြ၊ီး၏ သစ်သားတန်း ကြီးပေါ်သို့ ပစ်တင်ချည်နှောင်လိုက်ပြီး ကွင်းပါသော ကြိုးတစ်ဖက်ကိုမူ အဘိုး ကြီး၏ လည်ပင်းတွင် စွပ်ထားလိုက် သည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာ သည် စကားပြန် အကျဉ်းသားအားပြောပြသည်။

"သည်လူတွေ ကို ရှင်းရှင်းနားလည်အောင် ပြောလိုက်စမ်း။ သူတို့အထဲက တစ်ယောက်ယောက်က သစ္စာ ဖောက်ကောင် တွေ ပုန်းအောင်းနေတဲ့နေရာကို လိုက်ပြမယ်ဆိုရင် အခုပေးမယ့် အပြစ်ဒဏ်ကို ချက်ချင်း ပယ်ဖျက်ရပ်ပစ်လိုက် မယ်လို့ ပြောလိုက်"

ဆက်ရန်
.

3 comments:

ကိုမောင် said...

စာတွေ ထပ်နေသလိုပဲ .........ဒါပေမယ့် မဖတ်ပဲလဲ မနေနိုင်တော့ဘူး.....ဇာတ်သိမ်းရောက်အောင် စောင့်ဖတ်မယ်ဗျို့ ...

Anonymous said...

Thanks.


Ray

လသာည said...

ဇတ်ရှိန်တက်လာပြီ..