Tuesday, August 31, 2010

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၁၀)

"အော်..ဘုန်းတော်ကြီး တပည့်ရင်းကိုး၊ လာပါနောင်ကြီး အိမ်ပေါ်မှာ အမောဖြေပါဦး၊ စားသောက်ပြီင်္းမှ အေးအေး ဆေးဆေး လိုက်ပို့ပါမယ်၊ ကျွန်တော့်ဇနီးနဲ့သမီး နေ့ဆွမ်းသွားပို့တာ ဟောဟိုမှာ ပြောရင်း ဆိုရင်း ပြန်လာကြပြီ"

    ဦးချစ်မောင်က သူကြည်ညိုလှသော ကျေးဇူးရှင် ရဟန်းတော် ဦးခေမာ၏ တပည့်ဖြစ်သော ဦးဘိုးညွန့်အား ပျူငှာဖော်ရွေစွာ ဖိတ်ခေါ်သည်။ ဆွမ်းပို့ရာမှ ပြန်လာသော ဒေါ်အုန်းနှင့် မစပယ်အား ဦးဘိုးညွန့် မည်သူဖြစ်ကြောင်း ဆီးကြိုပြော၏။ ဒေါ်အုန်းနှင့် မစပယ်ကလည်း ပျူငှာစွာ နှုတ်ဆက်ခါ ထမင်း အတူ စားသောင်ပြီးသောအခါ ဦးခေမာက ကမ္မဋ္ဌာန်းထိုင်ချိန်ဖြစ်၍ ညနေခင်းမှသွားရန် ဦးဘိုးညွန့် အားပြောပြီး လက်ဖက်ရည် အကြမ်းဝိုင်းကိုချကာ အေးအေးစကားပြောနေကြသည်တွင် မစပယ် က သူသိလိုသော ဆန္ဒကို ဦးဘိုးညွန့်အား ဖွင့်ဟမေးမြန်းလေသည်။
    "စပယ် သိချင်တာတစ်ခုရှိလို့ ဘကြီးကို မေးပါရစေ၊ ပြောပြနိုင်မလား ဘကြီး"

    "အင်း…ဆိုပါဦး၊ မိန်းကလေးက ဘာများသိချင်တာလဲကွယ်"
    ဦးဘိုးညွန့် တုံ့ပြန်သည်။
    "ရဟန်းတော် ဦးခေမာ အကြောင်းပါ ဘကြီးရယ်၊ သူ့ဇနီး မေစန်းရီဆိုတာ ဘာကြောင့်အဆိပ်သောက် သေသွား ရတာလဲ၊ ဘကြီး ပြောနိုင်ရင် ပြောပါလို့ စပယ်တောင်းပန်ပါတယ်၊ ဘယ်သူကမှ မသိစေရ ပါဘူး ဆိုရင်လဲ စပယ်တို့ နှုတ်လုံထားပါမယ်ဘကြီး"

    ဦးချစ်မောင်နှင့် ဒေါ်အုံးတို့က သမီးဆန္ဒကို မကန့်ကွက်ကြချေ။ သူတို့ကိုယ်တိုင်ကပင် ဤ အကြောင်းကို သိလိုနေကြသည်။ ဦးဘိုးညွန့်အနေဖြင့် တိုင်းကျော်ပြည်ကြား ဖြစ်ခဲ့ပြီးသည့်ကိစ္စကို ဖုံးဖိ သိုဝှက် ထား၍ အကျိုးမရှိဟု တွေးမိသည့်အပြင်မစပယ် မိသားစုသည် ဦးခေမာ၏ ဆွမ်းဒါယကာများ ဖြစ်နေ ကြောင်း သိလိုက်ရပြီဖြစ်၍ ဦးခေမာ၏ လွန်လေပြီးသော အတိတ်ဇာတ်ကြောင်းကို ပြန်လည် ဖော်ထုတ် ရပေမည်ဟု စိတ်ဆုံးဖြတ်လိုက်၏။

    "အေးကွဲ့…ပြောသင့်ပြောထိုက်တဲ့ အကြောင်းဖြစ်လို့ ဘကြီးလဲ မသိုဝှက်ပါဘူး၊ နားထောင် မိန်းကလေး ရဲ့၊ ဇာတ်လမ်းအစက ဒီလိုလေ"
    ဦးဘိုးညွန့်က နိဒါန်းချပြီး ဇာတ်ကြောင်းပြန်သည်ကို မစပယ်တို့ မိသားစုက စိတ်ဝင်စားစွာ နားထောင်နေရာမှ သူတို့စိတ်အာရုံတွင် လူဝတ်ကြောင်ဘ၀က ဇာတ်လမ်းသည် ကွင်းကွင်းကွက်ကွက် ထင်မြင်လာလေသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်ဘေးဒဏ်ကို ရှောင်ပုန်း ပြေးလွှားကြရသော လူအများတွင် လယ်ပိုင်ရှင် သူဌေးကြီး ဦးစံကျော်၊ ဇနီးဒေါ်မြရှင်၊ ဒေါ်မြရှင်၏ မိခင်ကြီး ဒေါ်ခင်အိ၊ ဦးစံကျော်-ဒေါ်မြရှင်တို့၏သားောမင်ခင်မောင်ကြီး ဆိုသူတို့ ပါဝင်လေသည်။ တပည့်ငယ်သား လယ်သမားများရှိရာ ရွာသို့ ပုန်းခိုရန် ပြေးလွှားရောက်ရှိလာသော မိသားစုသည် ၄င်းရွာမှာ မိဘမဲ့ ဆွေမျိုးမဲ့ ဆင်းရဲနွမ်းပါးရှိသော အသက် သုံးဆယ်ကျော်အရွယ်ရှိ မောင်ဘိုးညွန့်ဆိုသူအား လက်တိုလက်တောင်း ခိုင်းစေရန် အတွက် ငွေကြေး ဖြင့် ငှားရမ်းထားခဲ့သည်။

သို့သော် မောင်ဘိုးညွှန့်၏ တာဝန်သိခြင်း၊ သစ္စာရှိခြင်း၊ ကျိုးနွံခြင်းတို့ကြောင့် မကြာမီပင် ငွေကြေးဖြင့် ငှားရမ်းထား သူကဲ့သို့ သဘောမပိုက်တော့ဘဲ၊ ဆွေမျိုးသားရင်း အရင်းအချာတစ်ယောက်ကဲ့သို့ ချစ်ခင် အားကိုး ယုံကြည်ခြင်း ခံရလေသည်။ ဆွေမျိုးမိဘ ကင်းမဲ့ရှာသော မောင်ဘိုးညွန့်ကလည်း ခင်မောင်ကြီး မိသားစု ကို သစ္စာစောင့်သိသည်။ ခင်ောမင်ကြီးအာ လွန်စွာထိန်းကျောင်း စောင့်ရှောက်သည်။ ခင်မောင်ကြီး က မောင်ဘိုးညွန့်ကို တုံ့ပြန်သော မေတ္တာဖြင့် ဦးလေးညွန့်ဟု ရင်းနှီးစွာ ခေါ်ခါ တူအရင်း နှစ်ယောက် တပူးတွဲတွဲဖြင့် မခွဲမခွာ နေခဲ့ကြသည်။ စစ်ပြီးခေတ်တွင် ခင်မောင်ကြီးတို့ မိသားစု မြို့ပေါ် ပြန်ပြောင်း လာသောအခါ ခွဲခွာ၍မဖြစ်အောင် သံယောဇဉ်တွယ်နေကြသည့်အလျောက် မောင်ဘိုးညွန့်က ခင်မောင်ကြီး ၏ အထိန်းတော်အဖြစ် တစ်ပါတည်း လိုက်လာခဲ့လေတော့သည်။

ခင်မောင်ညွန့်ကြီးက ကျောင်းပြန်နေပြီး ပညာဆက်သင်သည်။ မောင်ဘိုးညွန့်က တစ်အိမ်သားလုံး၏ အတွင်းလူ-လူယုံတော်အဆင့် ရောက်နေသည်။ ခင်ောမင်ကြီး ဆယ်တန်းအောင်သော နှစ်တွင် မိဘများ ဖြစ်ကြသောဦးစံကျော်နှင့် ဒေါ်မြရှင်တို့ တောရွာသို့ လယ်မြေကိစ္စနှင့် ရောက်ရှိနေခိုက် သူပုန် သောင်းကျန်းသူ တို့ သတ်ဖြတ်ခြင်း ခံလိုက်ကြရသည်။ လယ်မြေများကိုလည်း သူပုန်သောင်းကျန်းသူတို့ အန္တရာယ် ကြောင့် အဆုံးခံလက်လွှတ်လိုက်ကြရ သည်။

သို့သော် ခင်မောင်ကြီးနှင့် သူ့အဖွား ဒေါ်ခင်အိတို့အဖို့ နေရေးစားရေးမှာ ပူစရာမလိုချေ။ လယ်ရှင် မြေရှင် အဖြစ် နှစ်ပေါင်းများစွာကစုဆောင်းသိုမှီးထားခဲ့သော အတွင်းပစ္စည်း ရွှေငွေရတနာတို့အား စုရက် ပုံရက် ရှိနေချေသည်။ ထို့ကြောင့် ဆယ်တန်းအောင်သော ခင်မောင်ကြီးက တက္ကသိုလ်ပညာ ဆက်သင် နိုင်သည်။ အိမ်မှာ ဒေါ်ခင်အိနှင့် လူယုံတော် ဦးဘိုးညွန့်တို့က ရှိပစ္စည်းကို သိုသိုသိပ်သိပ်ဖြင့် ပညာသင် စရိတ် စားစရိတ် ပူစရာမလိုဘဲ အေးဆေးစွာ အိနြေ္ဒမပျက် နေနိုင်ခဲ့ကြသည်။

    တက္ကသိုလ်မှာ ကျောင်းပိတ်ချိန်ပြန်လာခဲ့သော ခင်မောင်ကြီးအား ဘွားအေဖြစ်သူ ဘွားခင်အိက ကရုဏာသက်ရှာသည်။
    "ငါ့မြေးလေး ကျောင်းဆောင်မှာ အစားအသောက် ဆင်းရဲရှာပေလိမ့်မယ်။ ဖွယ်ဖွယ်ရာရာ စားခဲ့ရမှာ မဟုတ်။ မောင်ဘိုးညွန့်သွားစမ်း စံမမှီ ခေါက်ဆွဲဆိုင်က ခေါက်ဆွဲ သွားဝယ်ချေ၊ ငါ့မြေးကလေး ကျွေးရအောင်…"
    ဘွားခင်အိက စေခိုင်းသောအခါ တက္ကသိုလ်ကျောင်းတော်ကြီးသား ခင်မောင်ကြီးကရယ်၏။
    "ခေါက်ဆွဲများ အဆန်းလုပ်လို့ မေမေကြီးရယ်၊ ကျောင်းမှာလဲ ကျွန်တော်တို့ အပြင်ထွက်ဝယ်စား အရသားပဲ မေမေကြီးရဲ့…"
    "အောင်မယ်..မင်းတို့ရန်ကုန်မှာ အဆာအရာ ရှားရျားပါးပါး ကလေးနဲ့ ချက်ရောင်းတဲ့ ခေါက်ဆွဲမျိုး မဟုတ်ဘူး၊ အုန်းနို့နိုင်နိုင်-ငါးဖယ်ခြစ်ပေါပေါ--ကြက်သားဖတ်များများ ထည့်ချက်ထားလို့ မွှေးကြိုင် အရသာ ရှိတဲ့ဟင်းရည်တွေ  စိတ်တိုင်းကျ ထည့်ပြီးစားရတဲ့ မြန်မာအုန်းနို့ ခေါက်ဆွဲငါ့မြေးရဲ့၊ တစ်ခါ စားမိရင် လျှာလည်သွားမှာ… အဲဒီဆိုင်က အုန်းနို့ခေါက်ဆွဲ တစ်နေ့၊ ကြာဇံကြီး တစ်နေ့၊ မုန့်ဟင်းခါး တစ်နေ့ဝယ်ကျွေးပြမယ်။ မေမေကြီးပြောတာ မယုံင် ကြည့်ပေါ့…ကဲ သွားဝယ်စမ်း မောင်ဘိုးညွန့်၊ မြန်မြန်ပြန်လာ၊ ဟင်းတွေ အေးကုန်ရင် စားရတာ ပေါ့သွားမယ်"

    ဘွားအိခင်က ပေါက်ပေါက်ဖေါက်သလို ဆက်တိုက်ပြောရင်း ဦးဘိုးညွန့်ကို ခိုင်းလိုက်သဖြင့် ဘွားအေ စိတ်ကျေနပ် စေရန် ခင်မောင်ကြီးက ငြိမ်နေလိုက်သည်။ သို့သော် ဦးဘိုးညွန့် ၀ယ်လာသော အုန်းနို့ ခေါက်ဆွဲကို ဟင်းရည်ပူပူနွေးနွေးဖြင့် စားလိုက်ရသောအခါ ခင်မောင်ကြီးအဖို့ မောင်ကျန်တတို့ဖြစ်ခါ လျှာ်လည်ပြီး အရသာစွဲသွားသည်။

    "မေမေကြီးပြောစဉ်က အထင်သိပ်မကြီးခဲ့ဘူး၊ အခုစာားကည့်တော့ တယ်ကောင်းပါလား မေမေကြီးရဲ့ ရန်ကုန်မှာ ဒီလောက် ကောင်းတဲ့ အုန်းနို့ခေါက်ဆွဲ မစားခဲ့ရဘူး"
    ခင်ောမင်ကြီးက ဖွင့်ဟ၀န်ခံသဖြင့် ဖွားခင်အိက များစွာ ကျေနပ်သွားသည်။ ထို့ကြောင့် ခင်မောင်ကြီး ခေါက်ဆွဲ၊ တစ်နေ့၊ ကြာဇံကြီး တစ်နေ့၊ မုန့်ဟင်းခါး တစ်နေ့ အလှည့်ကျဝယ်ကျွေးနေလေသည်။ ကြာဇံကြီးနှင့် မုန့်ဟင်းခါးက အုန်းနို့ခေါက်ဆွဲကဲ့သို့ပင် စား၍ အဆင်ပြေ အရသာရှိသည်။ ငါးမုံ့နိုင်နိုင်-ငှက်ပျောအူနု အတွင်းအကွင်းဖြင့် ချက်ထားသော မုန့်ဟင်းခါးအား ခင်မောင်ကြီး ခံတွင်းတွေ့လှသည်။

    "အဲဒီဆိုင်က ဘယ်မှာလဲ ဦးလေးညွန့်…"
    စိတ်ဝင်စားလာသော ခင်မောင်ကြီးက မေး၏။
    "ဈေးထိပ်မှာပါပဲ၊ စားလို့ကောင်းတော့ ရောင်းရတာ လက်မလည်နိုင်ဘူး၊ မနက်ပိုင်း၊ ဈေးစည်ချိန်ဆို လူတိုးပေါက်မလဲ ခင်မောင်ကြီးရယ်.. ဒီမြို့မှာဖြင့် ဒီဆိုင်ကို ဘယ်သူမှ မမှီဘူးကွယ့်.."
    ဦးဘိုးညွန့်က ပြန်ဖြေ၏။

    "မနက်တိုင်း ဦးလေးညွန့် သွားဝယ်ပေးနေရတာ ပင်ပန်းပါတယ် အညောင်းပြေ လမ်းလျှောက်ရင်း ကျွန်တော်လိုက်လာပြီး ဆိုင်မှာပဲ ထိုင်စားမယ်လေ၊ အဲဒါက အပေါ့အငန် ဟင်းရည်အနည်းအများပြောပြီး  စားတော့ ပိုအဆင်ပြေပါတယ်"
    ဦင်္းဘိုးညွန့်သွားဝယ်ပေးနေရသည်ကို အားနာလာသော ခင်မောင်ကြီးက ပြော၏။

    "မောင့်ဘွားအေကို ခွင့်တောင်းဦးကွဲ့..တော်ကြာ ဦးလေးက ၀ယ်မပေးချင်လို့ မောင်ခင်မောင်ကြီးကိုယ်တိုင် လိုက်သွားဝယ်စားနေရတယ်ထင်ပြီး စိတ်မကောင်းဖြစ်ဦးမယ်…"
    "ဟုတ်တယ် ဦးလေးညွန့်၊ မေမေကြီးကို ပြောဦးမှ…"
    ဦးဘိုးညွန့်စကားကို ခင်မောင်ကြီး ထောက်ခံပြီး ဘွားအိခင်ထံ ခွင့်တောင်းသည်။ ဘွားအိခင်ကလည်း သူပြောသော အစားအစာကို မြေးဖြစ်သူ လျှာလည်သွားကြောင်း သိရသောအခါ ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုလေသည်။

    နောက်တစ်နေ့ နံနက်တွင် ဦးဘိုးညွန့်နှင့် ခင်မောင်ကြီးတို့သည် စကားတပြောပြောဖြင့် ဈေးထိပ် စံမမှီ ခေါက်ဆွဲ မုန့်ဟင်းခါးဆိုင်သို့ လမ်းလျှောက်လာခဲ့ကြသည်။ မုန့်ဆိုင်တွင်ကား အရွယ်အစား စားသော အမျိုးသား အမျိုးသမီးတို့ စည်ကားပြည့်ကျပ်စွာ မုန့်စားနေကြသည်။ ဤပရိတ်သတ်ထဲဝယ် လူပျိုလူရါယ်တွေက အများဆုံးပါဝင်၏။ ခင်မောင်ကြီးနှင့် ဦးဘိုးညွန့်က နေရာတစ်ခုမှာထိုင်ပြီး ခေါက်ဆွဲ နှစ်ပွဲ မှာလိုက်၏။ ခင်မောင်ကြီးသည် ခေါက်ဆွဲပန်းကန်မရောက်မီမှာ ဆိုင်အနေအထား အခင်းအကျင်းကို သတိထားကြည့်လိုက်သည်။

    သားသားနားနား သပ်သပ်ရပ်ရပ်ရှိသည်။ သန့်ရှင်းစင်ကြယ်သည်။ ပျူငှာဖော်ရွေသည်။ လာရောက်စားသောက်သူများကို လေးလေးစားစား မေးမြန်းဆက်ဆံသည်။ ထို့ကြောင့် ဒီဆိုင်က အဘက်ဘက် က ပြည့်စုံလို့သာ နာမည်ကြီးနေခြင်း စ်ြသည်ဟု ခင်မောင်ကြီး အမှန်အတိုင်း တွေးနေမိဆဲဝယ်…
    "ဒို့လေးယောက်စားတာ အားလုံးပေါင်းမှ ခုနစ်ကျပ်ခွဲပဲ ကျပါတယ်ကွာ မင်းက ဘယ်လောက်များ သွားပေး မယ် စိတ်ကူးလဲ"

ဟူသောအသံကို ကပ်လျက်စားပွဲဝိုင်းဆီမှ ကြားသောကြောင့် မသိမသာလှည့်ကြည့် နားစွင့်လေသည်။ ထိုစားပွဲမှာ လူရွယ်လေးယောက်ထိုင်နေသည်။ တစ်ယောက်သောသူက ခပ်ပြုံးပြုံး မျက်နှာဖြင့် နှစ်ဆယ်တန် ငွေစက္ကူတစ်ရွက်ကို ခေါက်ချိုးကိုင်ပြီး ပြန်ပြောသည်။

    "ဘယ်လောက်မှ မရည်မှန်းပါဘူးကွာ ဒါပဲသွားပေးမှာပါ၊ ပြန်အမ်းရင်လဲ ယူခဲ့တာပေါ့"
    "ပြန်အမ်းရိုးထုံးစံ ဘယ်အခါက ရှိခဲ့ဖူးလို့လဲ"
    "ဟကိုယ်က အမ်းပါဆိုရင် အမ်းမှာပေါ့၊ မပြောဘဲနေတော့ ဘယ်အမ်းမလဲ"
    "ဈေးသည်နဲ့ဈေးဝယ်ပဲကွ၊ ပြန်အမ်းပါ ပြောနေဖို့လိုသေးလား၊ မုန့်ပွဲချပေးတဲ့ သူငယ်တွေက ဘယ်နှစ်ပွဲဆိုတာ ပြောနေကြသားပဲ"
    "နိဗ္ဗာနပစ္စယော-ဟောတုပေါ့ကွာ၊ စမ်းကြည့်လိုက်ဦးမယ်"

    နှစ်ဆယ်တန်ကိုင်ထားသော လူရွယ်က ပြောပြောဆိုဆိုထသွားသဖြင့် ခင်မောင်ကြီးက မျက်စိမခွာ လိုက်ကြည့်မိသည်။ ပိုက်ဆံသိမ်းနေသူကို ထိုအခါမှ ခင်မောင်ကြီးက သတိပြုမိ၍ မြင်တွေ့ရလေတော့သည်။ ခင်မောင်ကြီးသည် ပိုက်ဆံသိမ်းနေသူအား မျက်တောင်မခတ်ကြည့်နေ မိ၏။ ပိုက်ဆံသိမ်းသူကား အသက်နှစ်ဆယ်မျှရှိမည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။

ဤမျှလောက် အပြစ်ကင်းစင်သည်ဆိုလောက်အောင် ချောမောလှပသော မျက်နှာမျိုးကို ခင်မောင်ကြီင်္း မတွေ့မမြင်ဘူးခဲ့ချေ။ ဤမျက်နှာလေးမျိုးကို တက္ကသိုလ်ကျောင်းသူတွေထဲမှာ ခင်မောင်ကြီး မမြင်မိ။ မျက်နှာလေး ချောသလောက် ကိုယ်လုံးကိုယ်ပေါက်က ဘယ်နေပါသလဲဟု ခင်မောင်ကြီး  တွေးနေစဉ်မှာ ဆိုင်ရှင်ဖြစ်ဟန်တူသော အဒေါ်ကြီးက…
    "သမီးရေ..ဟောဟိုမှာ သူဌေးမင်းက ခေါက်ဆွဲဘိုးပေးနေတာ သွားယူလိုက်ပါဦး"

ဟုလှမ်းပြောသဖြင့် မိန်းမပျိုက ပြုံးချိုသော မျက်နှာကလေးဖြင့် ထလာသည်။ ထိုအခါ ကိုယ်လုံးကိုယ်ပေါက်ကို ခင်မောင်ကြီးက ကြည့်လိုက်သည်။ မျက်နှာချောသည်အမျှ ကိုယ်လုံးကိုယ်ထည် အချိုးအစားကလည်း ဆိုစရာမရှိပါပေ။ ၀တ်ထားသော အင်္ကျီထဘီ အရောင်က ဖြူဝင်းသော အသားနှင့် ပဏာရလှသည်။ မိန်းမပျို ပိုက်ဆံသွားယူဟူသော သူဌေးမင်းဆိုသူကား ဇနီးသုံးယောက်တိတိ ယူထားပြီးသော ဆန်စက်တစ်လုံး၊ သစ်စက်တစ်လုံးပိုင်ရှင် လူသားစားဘီလူးဖြစ်ကြောင်း မြင်လျှင် မြင်ခြင်းသိသော ခင်မောင်ကြီးက ဂရုစိုက်ကြည့်နေမိသည်။

သူဌေးက ခေါက်ဆွဲဖိုးမည်မျှကျသည်မသိ၊ သူ့လက်ထဲမှာ ကိုင်ထားသည်က နှစ်ဆယ်တန် အခေါက် တစ်ခေါက်ဖြစ်သည်။ တစ်ရွက်ထည်း ကိုင်ထားခြင်းတော့မဟုတ် သုံးရွက်လား လေးရွက်လား၊ သူဌေးမင်း ၀ိုင်းမှာ ရှိသူကတော့ သုံးယောက်ထဲဟု ခင်မောင်ကြီးက တွက်နေသည်။

    "အစ်ကိုကြီးတို့ သုံးယောက်အတွက် ရော့..ညီမလေးစန်း ပြန်အမ်းချင်သေးလား"
    သူဌေးမင်းက ပြောင်ပြောင်တောက်သော မျက်လုံးဖြင့် ၀ါးစားတော့မှာလို ကြည့်ရင်းမေးသည်။
    "အစ်ကိုကြီးတို့ သဘောပေါ့..ပြန်အမ်းဆိုလဲ အမ်းမယ်လေ"
    မိန်းမပျိုက ချစ်စဖွယ် ဦးခေါင်းကလေးငဲ့ မျက်ခုံးလေးပင့်ပြီး ပြန်ပြောသည်။

    "ညီမလေး သဘောပါဗျာ"
    "စန်းပြန်အမ်းဖို့ အချိန်မရှိတော့ဘူး အစ်ကိုကြီး နောက်မှအေးအေးဆေးဆေးပေါ့"
မိန်းမပျိုက ပြောပြောဆိုဆို ပိုက်ဆံသိမ်းသည့်နေရာ ပြန်လှည့်သွားသည်။ စောစောက ခင်မောင်ကြီးတို့ စားပွဲနားမှာ နှစ်ဆယ်တန်ကိုင်ပြီး ထသွားသော လူရွယ်က ပိုက်ဆံသိမ်းသည့်နေရာမှာ ရပ်စောင့်နေသည်။

    "အစ်ကိုကဘယ်လောက်ဘိုး စားပါသလဲ"
    နှစ်ဆယ်တန်ကို လှမ်းယူရင်း မိန်းမပျိုက မေး၏။
    "ခုနှစ်ကျပ်ခွဲဘိုးဘဲ၊ ဆယ့်နှစ်ကျပ်ခွဲ ပြန်အမ်းပေါ့"
    လူရွယ်က ခပ်ပြုံးပြုံးပင် ပြန်ပြောသည်။ မိန်းမပျိုက ပြုံးပြီး ပိုက်ဆံသေတ္တာထဲမှာ မွှေနှောက်ပြီးမှ
    "အနှုတ်မရှိသေးဘူးအစ်ကိုရေ့၊ နှစ်ဆယ်တန်တွေချည်းဖြစ်နေပြီ နောက်လဲ လာစားဦးမှာပဲ အစ်ကိုရာ၊ နှိမ်လိုက်ပေါ့ ဟုတ်လား"

မိန်းမပျိုက မျက်ခုံးကလေးချီ ပြောလိုက်လျှင်ပင် လူရွယ်သည် ကျေနပ်စွာပင် ပြုံးပြုံးကြီး ဦးခေါင်းညိတ်ကာ တပ်ခေါက် ပြန်လာခဲ့လေသည်။ အခြားသူများနှင့်မူ မှန်မှန်ကန်ကန်ပင် ပိုက်ဆံပြန်အမ်းသည် ခင်မောင်ကြီးသည် မိန်းမပျိုကိုကြည့်နေရင်း စိတ်ထဲမှာ မကောင်းဘဲဖြစ်လာသည်။
    မိန်းမပျိုကိုငေးနေသော ဦးဘိုးညွန့်က မေး၏။

    "ဟာ-ဦးလေးညွန့်ကလဲ အမဲကောင်တွေ စာရင်းထဲ ကျွန်တော်မပါချင်ပါဘူး၊ ဦးလေးညွန့်ပဲ သွားပေးပါ၊ အတိအကျပေးနော် ပိုတဲ့ ပိုက်ဆံပြန်တောင်း"
    ခင်မောင်ကြီးစကားကြောင့် ဦးဘိုးညွန့်က အသံမထွက်ဘဲရယ်ခါ ပိုက်ဆံသွားပေးသည်။ ခေါက်ဆွဲဆိုင်က ထွက်လာပြီး အပြန်လမ်းတစ်လျှောက်မှာ ခင်မောင်ကြီးနှင့် ဦးဘိုးညွန့်တို့ အမေးအဖြေလုပ်လာကြ၏။

    "ဒီအမျိုးသမီးက တော်တော်ချောပါလား၊ ဒီလိုရုပ်ရည်မျိုး တစ်ခါမှ ကျွန်တော် မမြင်ဖူးသေးဘူး၊ ရုပ်ပြစားနေတာပါပဲ ဦးလေးညွန့်ရာ အခုကျွန်တော်ထိုင်နေတဲ့ အချိန်ကလေးမှာကို အမဲနှစ်ကောင် မိလိုက်တာပဲ"
    "ဟုတ်တယ် မောင်ခင်ကြီးရဲ့ ဒါအဆန်းမဟုတ်ပါဘူး၊ နေ့တိုင်းသွားရင် နေ့တိုင်းတွေ့နေရမဲ့ အဖြစ်ပါ။ သူ့ကို မက်မောမိတဲ့ယောက်ျားဆို ခေါက်ဆွဲဘိုး မုန့်ဟင်းခါးဘိုး အမြဲပိုပေးနေခဲ့ရတာပဲ၊ မပိုလဲ မရဘူးလေ ပိုက်ဆံအတိအကျပေးတဲ့လူဆိုသူက မျက်နှာမှန်မှန် ဆက်ဆံတယ်။ အဲဒီတော့ ဆိုင်မှာလဲပြုံး အိမ်လိုက်သွားလဲ ပြုံးရအောင် ပိုပေးကြတာပေါ့"

    "အော်…အဲဒီလို လက်ခံနေတာလား ဦးလေးညွန့်"
    "လက်ခံတယ်ဆိုတာက ဒီလိုလေ၊ လူအသိခံတာမဟုတ်ဘူး သိပ်ပါး သိပ်လည်တာ၊ အမူအရာနဲ့စကားနဲ့ ပြစ်ပြီး မြှူချတယ်ဆိုရမှာပေါ့၊ ရုပ်ကလေးကလဲ မက်စရာဆိုတော့ အချောင်ဘဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ် ရရင်မနဲဘူးဆိုတဲ့ စိတ်ထားမျိုးနဲ့ ငွေမျှောလိုက်နေတဲ့ သဘောနဲ့ ယောက်ျားတွေက ရိနေတာပါ ခင်မောင်ကြီးရယ်"

    "ဟိုဆိုင်ရှင် အမေကြီးက သူ့အမေအရင်းလား"
    "အေးကွဲ့-အဲဒါတော့ သေသေချာချာမသိဘူး၊ သူတို့ခေါ်ကြပြောကြတာတာ့ အမေ သမီးလို့ ကြားတာပဲ၊ ဒါပေမယ့်ရုပ်ကတော့တခြားစီနော် ခင်မောင်ကြီး"
    "ဟုတ်တယ်ဦးလေးညွန့် သမီးအရင်းဆိုရင်တော့ ထားပါတော့-မဟုတ်ဘူးဆိုရင် သက်သက် သမီးချင်း မျောက်ပြ ဆန်တောင်း အလုပ်မျိုးပဲ"
    "သမီးရင်း ဟုတ်မဟုတ် ဦးလေး စုံစမ်းကြည့်ဦးမယ်"

    "သူ့နာမည်က ဘာတဲ့လဲ ဦးလေးညွန့်"
    "မေစန်းရီတဲ့ကွဲ့"
    "မေစန်းရီ..မေစန်းရီ"
    ခင်မောင်ကြီးက နှစ်ခွန်းဆင့် ရေရွက်လိုက်၏။
    "ဘာလဲကွဲ့ စိတ်ထဲ ဟိုလိုဒီလိုဖြစ်လာပြီလား ခင်မောင်ကြီး" ခင်မောင်ကြီးက ရယ်ပြီးဖြေ၏။

    "မစြဖ်ပါဘူး ဦးလေးညွန့်ရာ၊ ဒီလောက် ချောလှတဲ့ ရုပ်ရည်ကလေး ဒီလိုလုပ်နေရင် အပေါစားဖြစ်သွားတော့မယ်လို့ တွေးမိလို့ပါ"
    "ခင်မောင်ကြီးက အပေါစားဖြစ်သွားမှာ စိုးရိမ်နေမဲ့ သူတို့အဖို့တော့ အခုလိုခေါက်ဆွဲဘိုး၊ မုန့်ဟင်းခါးဘိုး အပိုတွေက တစ်နေ့တစ်ရာလောက် အနည်းဆုံးရနေတာပဲ၊ ပိုတောင်ပိုလိမ့်ဦးမယ်"
    "ဘာပဲဖြစ်ဖြစ်လေ သူ့ဆိုင်က ခေါက်ဆွဲမျိုး မုန့်ဟင်းခါးမျိုးကတော့ ဘယ်ဆိုင်နဲ့မှ မတူအောင် ကောင်းတာပဲ၊ ကျောင်းပြန်မသွားခင် ၀အောင်တော့ စားသွားရမယ် ဦးလေးညွန့်ရေ့"
    "အေးအေး စားသင့်အောင် ကောင်းတာကိုး ခင်မောင်ကြီးရဲ့"

    ဦးဘိုးညွန့်က ထောက်ခံသည်။
    ထို့နောက်တွင်ကား မေစန်းရီ၏ ခေါက်ဆွဲဆိုင်သို့ ခင်မောင်ကြီးသည် ဦးဘိုးညွန့် ပါသည့်အခါပါသည်။ တစ်ယောက်တည်း လာသည့်အခါလာသည်။ ကျောင်းပိတ်ပြန်လာသည့် အခါတိုင်း ၀တ္တရားမပျက် သွားဝယ်စားနေသည်ဖြစ်ရာ မေစန်းရီသည် ခင်မောင်ကြီးအား မှတ်ျွှတ်သားသားဖြစ်ခါ သတိပြုမိလာသည်။ ထိုသို့ အထူးသတိပြုမိရန် အကြောင်းကလဲရှိလေသည်။ ထိုသို့ အထူးသတိပြုမိရန် အကြောင်းကလဲရှိလေသည်။

ခင်ောမင်ကြီးသည် ကျောင်းပိတ်ချိန်ရောက်မှ ပေါ်လာတ်ကပြီး တစ်နေ့မပြတ်မှန်မှန်စားသည်။ ကျောင်းဖွင့်ချိန်ရောက်လျှင် ပျောက်သွားတတ်သည်။ ထို့ကြောင့် စိတ်ဝင်စားမိသော မေစန်းရီက စုံစမ်းမေးမြန်းကြည့်သောအခါ မြို့ပေါ်မှာ ထင်ရှားလှသော သူဌေးမကြီး ဘွားခင်အိ၏ တစ်ဦးတည်းသော အမွေခံမြေး တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း သိရသည်။ မေစန်းရီအဖို့ အခြားမှတ်သား စရာ အဖြစ်ကရှိနေသေးသည်။ ထိုအဖြစ်ကား ခင်မောင်ကြီး၏ ထူးခြားသော အပြုအမူနှင့်စကားပင် ဖြစ်သည်။ ခင်မောင်ကြီးသည် အဆက်မပြတ် မုန့်လာစားနေသော်လည်း မုန့်ဘိုးငွေပေးချေရာမှာ ပိုက်ဆံကို အတိအကျတွက်ပြီးပေးတတ်သည်။

ခင်မောင်ကြီးစားသော မုန့်ဘိုးနှင့်ပတ်သက်၍ ပြန်အမ်းရမည်လား၊ မအမ်းဘဲနေရမည်လားဟူသော ပြဿနာ တစ်ခါမှ မပေါ်ခဲ့ဘူးသေးပေ။ ငါ့ကိုမြင်သမျှ လူပျိုလူရွယ်တွေ အနည်းနှင့်အများ ပိုက်ဆံပြဿနာ အငြိခံကြပါလျက်နှင့် ဒီကိုခင်မောင်ကြီးဆိုသူက ဘာကြောင့် အတိအကျဖြစ်နေရပါသလဲဟု မေစန်းရီက သူကရူပါရုံအားကိုးနှင့် မာနစိတ်ပေါ်လာတတ်သည်။ နေနှင့်ဦးပေါ့ တနေ့နေ့ငြိမှငါ့အကြောင်း သိရမယ်ဟု မေစန်းရီက မခံချိမခံသာ ကြိမ်းထားကြောင်း ခင်မောင်ကြီးက သတင်းရလိုက်သည်။

ထို့ကြောင့် ခေါက်ဆွဲစားထွက်လာသော ခင်မောင်ကြီးက မေစန်းရီကို ပြောရန် စကားတွေကို ရှာရင်း စဉ်းစားလာခဲ့၏။ ခေါက်ဆွဲဆိုင်ရောက်၍ စားသောက်ပြီးစီးသောအခါယခင်ကကဲ့သို့ အတိအကျ တွက်ထားသော ပိုက်ဆံကို စားပွဲထိုး သူငယ်ကလေးအား ပေးနေကျ မပေးတော့ဘဲ၊ မေစန်းရီ ပိုက်ဆံသိမ်းနေရာ စားပွဲသို့ ထလာခဲ့သည်။ သူဌေးသား သူဌေးမြေးဖြစ် နင့်အောင်ချိုင်ရတော့မည် ဟူသောအသိဖြင့် မေစန်းရီအမေက အလွန်ပြုံးရွှင်သော မျက်နှာဖြင့် အဓိပ္ပါယ်ပါစွာ မေစန်းရီကို လှမ်းကြည့်သည်။ မေစန်းရီက မိခင်အား နားလည်ပါသည်ဟူသော သဘောဖြင့် တစ်ချက် ပြန်ကြည့် လိုက်၏။

    "အစ်ကို စားပြီးပြီလား"
    စားပွဲရှေ့လာရပ်သော ခင်မောင်ကြီးကို မေစန်းရီက ကြာပါပါဖြင့် မေးသည်။ ခင်မောင်ကြီးက ပကတိမျက်နှာမှန်မှန်ဖြင့် ပြန်ပြောသည်။
    "ဟုတ်ကဲ့-ပြီးပါပြီ၊ ကျွန်တော်မုန့်နှစ်ပွဲစားပါတယ်"
    ပြောရင်း နှစ်ဆယ်တန်တစ်ချပ်ကို မေစန်းရီအား လှမ်းပေး၏။ မုန့်နှစ်ပွဲက နှစ်ကျပ်ခွဲသာ ကျသည်။ မေစန်းရီက တော်ရုံယောက်ျား အရည်ပျော်လောက်သောအပြုံးဖြင့် ခင်မောင်ကြီးမျက်နှာ စေ့စေ့ကြည့်ခါ..

    "အစ်ကို နောက်နေ့တွေလဲ လာစားဦးမှာပဲ ဟုတ်လား"
    ဟု ချိုလွင်သောအသံဖြင့် မေး၏။
    "စားချင်စိတ်ပေါ်လဲ စားမှာပေါ့၊ မစားချင်လဲ ဘယ်လာမလဲ"
    ခင်မောင်ကြီး အသံမှန်မှန်ထွက်သလို မျက်နှာ အိနြေ္ဒကလည်း တစ်ဝက်မှမလျော့ချေ။
"အစ်ကိုတို့ တက္ကသိုလ်မှာ စန်းတို့မုန့်မျိုး စားရမှာမဟုတ်ပါဘူး စန်းသိပါတယ်အစ်ကိုရာ နေ့နေ့တွေလဲ လာစားမှာပဲမဟုတ်လား၊ ပိုက်ဆံပြန်အမ်းနေရဖို့ လိုသေးလား အစ်ကို၊ ကျောင်းမပြန်မချင်း နှစ်ဆယ်ဘိုးမက လာစားဟုတ်လားနော်"

ဤနည်းဖြင့် သူ့ရူပါရုံမှာ ၀င်တိုးမိသော လူပျိုလူရွယ်တွေကို မေစန်းရီ ချိုင်နေကျဖြစ်သည်။ မည်မျှပင် ပိုပေးထားစေကာမူ နောက်နေ့တွေမှာ ယောက်ျားက ကပ်ကပ်သပ်သပ် ငွေကိုတွက်ပြီး ငုတ်တုတ် ထိုင်တါက်ပြီး ထုတ်ပေးကြမည်သာပင်။ ပိုင်နေကျနည်းဖြင့် မေစန်းရီက ခင်မောင်ကြီးကို စမ်းလိုက်၏။ သို့သော် ကြိုတင် သတင်းရထားပြီး ဖြစ်သော ခင်မောင်ကြီးက အမူအရာပျက်ခြင်း မရှိဘဲ အသံမှန်မှန်ဖြင့် ၀င်ပြောသည်။

    "နောက်နေ့တွေ လာစားတာက နေ့နေ့ကိစ္စပေါ့၊ အခုစားတာ မုန့်ဖိုးနှုတ်ပြီး ပိုက်ဆံပြန်အမ်းပါ ခင်ဗျာ…"
    "အမယ်လေး…အစ်ကိုကလဲ ဒါလောက်ပိုက်ဆံကလေး မြော်မြင်လိုက်တာ၊ စန်းတို့ဆိုင်ကို အားမပေးချင်လို့လား"
    မေစမ်းရီက မေးကလေးပြစ်၊ မျက်စကလေးချီပြီး မေး၏။

"အားပေးချင်လို့ တရုတ်ဆိုင်၊ ကုလားဆိုင်မှာမစားဘဲ မြန်မာအချင်းချင်းဖြစ်တဲ့ ခင်ဗျားတို့ဆိုင် လာစားတာပေါ့၊ ကျွန်တော်တို့က ရိုးသားစွာ အားပေးသလို ခင်ဗျားတို့ကလည်း ၀ယ်စားသူတွေအပေါ်မှာ စေတနာသန့်ရှင်းရင် မကောင်းဘူးလား။ အခုတော့ ကျွန်တော်က မုန့်ကို သဘောကျလို့ ကိုယ့်မြန်မာ အချင်းချင်း အားပေးချင်လို့ လာတာကို ခင်ဗျားစိတ်ထဲမှာ ခင်ဗျားရုပ်ရည်ကို ငမ်းပြီး လာနေကြတဲ့ အမဲကောင်တွေပဲလို့ သဘောထားပြီး ငွေကို ရသလော မြှူယူ ချူယူနေတယ်။

ခင်ဗျားရဲ့ ချောတဲ့လှတဲ့ ရုပ်ရည်ကလေးကို မုန့်ဖိုးကပိုသမျှ ပိုက်ဆံနဲ့ တန်ဖိုးဖြတ် ရောင်းစာနေတာနဲ့ ဘာထူးတော့သလဲ ခင်ဗျားအသက်အရွယ် ခင်ဗျားရုပ်ရည်ဟာ အိနြေ္ဒသိက္ခာရှိရှိ နေသွားမယ်ဆိုရင် အညွှန့်တလူလူ တက်နိုင်ပါရက်နဲ့ ကိုယ့်အညွှန့်ကိုယ်ချိုး၊ ကိုယ့်သိက္ခာကိုယ်ဖျက်ပြီး လာသမျှ ယောက်ျားတွေ မြှူချတတ်တဲ့ ပိုင်းလုံးမဆိုတဲ့ နာမည်ဆိုးကြီးကို ရင်ဝယ်မပိုက်ချင်ပါနဲ့ဗျာ။ ကျုပ်ပိုက်ဆံမရချင်နေ၊ ပြောချင်တာပြောပြီးပြီ..သွားမယ်"

ခင်မောင်ကြီးက သူပြောချင်သည့်စကားတွေကို အဓိပ္ပာယ်ပေါ်အောင်ပြောပြီး စကားဆုံးသည်နှင့် တစ်ပြိုင်နက် နှစ်ဆယ်တန်တစ်ချပ် အဆုံးခံပြီး ဆိုင်ထဲမှ လှည့်ထွက်လာခဲ့သည်။
လူပျိုလူရွယ်မှန်သမျှ မေစန်းရီ၏ ကြာမျက်လုံးနှင့် အပြုံးထဲမှာ လက်လျှော့ အရှုံးပေး ကြရသည်ချည်းဖြစ်လျက် ခင်မောင်ကြီးတစ်ယောက်က ထူးထူးဆန်းဆန်း မတွေးထင် မမျှော်လင့်သော စကားတွေကို ပြောင်မြောက်စွာချက်ကျကျ ပြောလိုက်သည်ကို ကြားကြ ရသောအခါ ဆိုင်တွင်းရှိ မုန့်စားနေသူအားလုံးသည်လည်းကောင်း၊ မေစန်းရီ၏ အမေသည်လည်းကောင်း၊ အလုပ်သမား များသည်လည်းကောင်း အံ့အားသင့်စွာဖြင့် နှုတ်စိတ်နေကြသည်။ မေစန်းရီကိုယ်တိုင်ပင် မည်သည့်အခါကမှ မကြားဘူးခဲ့သော စကားလုံးတွေကြောင့် မျက်နှာပေါ်က ကြာမျက်လုံးရော အပြုံးပါ ပျောက်ကွယ်မှင်သက်မိသလို ကြောင်နေရှာသည်။

ခင်မောင်ကြီးထွက်သွားပြီးသောအခါမှ ဆိုင်တွင်းကလူတွေ အသက်ဝင်သလို လှုပ်ရှားလာကြသည်။ အသံထွက်လာကြသည်။ မုန့်စားနေသူတွက မေစန်းရီနှင့် သူ့အမေကို မသိမသာကြည့်ခါတီးတိုး တီးတိုးဖြင့် သဖန်းပိုး လုပ်နေကြ၏။ မေစန်းရီအမေက ဈေးသည်ပီပီ စားသောက်နေကြသူတွေ ဖောက်သည်မပျက်စေရန် အသံကို ထိန်းချုပ်ကာ ဟန်ဆောင်စကားလုံးတွေက ထွက်လာ၏။

ဆက်ရန်
.

2 comments:

ယု said...

ဖတ်သွားတယ် မရွှေဇင်ဦးရေ။ ကျေးဇူးတင်ပာတယ်။

မေဓာဝီ said...

အိပ်ခါနီးဖတ်တာ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ စားချင်စိတ်တောင် ပေါက်လာတယ်။ ဗိုက်တောင်ဆာလာပြီ။
ဖတ်ရတာလဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ နက်ဖန်တင်မယ့် ဆက်ရန်မျှော်နေပါတယ် မရွှေစင်ရေ ... ။