Tuesday, March 30, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၁)

သေမည်ဟု တွက်ကိန်းချထားကြခြင်း

သည်တော့မှ နဲနဲငြိမ်ကျသွားသည်။ ဒီစာအရ အစပေါ်လာမှုကနေပြီး လက်လှမ်းမှီသမျှ တသီကြီး သိရပြီ ဖြစ်သောကြောင့် လက်လှမ်း မမှီမည့် အပိုနေရာတွေကိုလည်း ထပ်လိုက်စရာမလို တော့ဘဲ ဤမျှလောက် နှင့် လုံလောက်နေပြီ။ ဖေါက်မှုတွေ၊ ဖြုန်းတီးမှုတွေ၊ ဂုဏ်က္ခာ အသက်အရွယ် နှင့် မမျှသော မသန့်ရှင်းမှု ကိစ္စ တွေကို သာယာ ပြွမ်းတီးနေသူနှင့် ရှေ့ဆက်၍ အတူနေကြရန် မဖြစ်နိုင်၊ ပိုင်ဆိုင် ထိုက်သမျှ ပစ္စည်း အဝဝ ကို ခွဲဝေ သတ်မှတ် ပြောင်းလဲကြမှ ဖြစ်တော့မည်။ အလှူဒါန အတွက် ရည်မှန်းထားသော ပစ္စည်း များကိုလဲ ပြတ်ပြတ် သားသား ယခု မလုပ်ဘဲ ထား၍ မဖြစ်တော့ကြောင်း။ ဂုဏ်သိက္ခာ ကို ငဲ့ညှာ၍ တိုးတိုး တိတ်တိတ် ကြိတ်ပြီး ကိစ္စပြီးအောင် ၄-၅ ရက်အတွင်း ဆောင်ရွက်ဘို့ ပြတ်ပြတ်, သားသား သွားပြောချေ ဟု ပြောလွှတ် လိုက်ရပါတော့သည်။

မန်နေဂျာ သည် တုန်တုန်, ရီရီ မျက်စိ, မျက်နှာ ပျက်ပျက် နှင့် အခန်းထဲမှ ထွက်သွား ပါသည်။ အတန်ကြာ သည့် တိုင်အောင် ပြန်မပေါ် လာတော့ပါ။ အိမ်အသစ် ကလေး ပေါ်မှာတော့ အရေးပါ အရာရောက်သူ `ကလစ်`တစု တို့သည် ခေါင်းဆောင် ဥက္ကဋ္ဌကြီး ဦးစီးပြုလျက် အခက်အခဲကို ဘယ်လိုရင်ဆိုင်ရန် အကြံထုတ် နေကြ ပုံရသည်။ ကြာခြည် နောက်ကွယ် မှ အရှုပ်တော်ပုံများ ထင်ထင် ရှားရှား အကောင် အထည် နှင့် ပေါ်သွားပြီ ဖြစ်သော ကြောင့် ငြင်းကွယ် ၍လည်း မဖြစ်၊ ဖြီးဖြန်း ညာဝါးမှုနှင့် ကာကွယ်၍ လည်း မရ တော့သောအခြေအနေမျိုး ဆိုက်ရောက် လာသဖြင့် ပြာပြာ သလဲ ဖြစ်ကုန်သည်။

ကျမ၏ စိတ်ကိုလည်း သိကြသည်၊ ယခင်က ဆိုလျှင် အသေးအဖွဲ ကိစ္စကလေးများ၌   ပင် စိတ်နှင့် မတိုက်ဆိုင် ပါက ရှူးကနဲ ထတောက် တတ်သေးသည်။ ယခုလို ယုတ်မာကောက်ကျစ်မှု၊ သိက္ခာမဲ့မှု၊ လူ့စည်းဝိုင်း အပြင်ထွက်၍ ကျက်စားမှုများ ထင်ထင်, ရှားရှား မကွယ်သာအောင် ပေါ်လာသော အခါ မိုးမီး လောင် တော့မှဘဲ ဟု တွက်ဆထားပြီး စိုးရိမ် ပူပင်မှုကြီး တွေနှင့် ရင်ဆိုင်နေကြ ပြီဟု တွေးမိပါသည်။

သူတို့၏ အစီအစဉ်မှာ ကျမသည် မကြာမီ သေမည့်သူ-သေရမည်။  တနည်းနည်းနှင့် သေရမည်ဟု ပုံသေ တွက်ထားကြပြီ ဖြစ်သည်။ ယခု လက်ရှိ ကလိမ်ခြုံ သပွတ်အူကိစ္စ တွေကို သေသည်အထိ သိမြင်မသွားရန် ငွေကို ရေလိုသွန်၍ ဖုံးဖိ ထားခဲ့ကြသည်။ သို့ရာတွင် သူတို့ တွက်သားမကိုက် တော့ပါ။  ကျမ,  မသေခင်ဘဲ ဖုံးသမျှ ပေါ်လာရတော့သည်။  ကျမအဘို့ မှာလည်း မသေခင် ဒီအနိဋ္ဌာရုံကြီး တွေနှင့် လာပြီး ရင်ဆိုင် လိုက်ရ သည်ထက် ဘာမှ မသိရသေးမီ စိတ်ကြည်,  လက်ကြည် နှင့် သေခဲ့ရလျှင် ကောင်းမည် ဟု ထင်မြင် မိပါသည်။  တဘက် မှ လှည့်၍ တွေးရပြန်လျှင် ကျမ လှူချင်သေးသည့် ကိစ္စတွေ မပြီးပြတ်သေး၊ ရေစက် မချရ သေးသော ကောင်းမှု ကုသိုလ်တွေကလည်း တိုးလို တန်းလန်းကြီး ရှိနေသေးဟု ကုသိုလ်ဒါန ပါရမီ အဆက် က တားမြစ်ထား လေရော့သလား- ဟု စဉ်းစားဘွယ်ရာ ဖြစ် ပြန်ပါသည်။

တော်တော်နှင့် ပြန်ပေါ်မလာသော မန်နေဂျာသည် မျက်နှာညိုမဲ မရဲသော ဟန်နှင့် ပြန်လာရချေပြီ။  သူ့ လက်ထဲက စာရွက်ငယ် အခေါက်တခုကို ကျမ အား ကမ်းပေးရင်း အကိုကြီး က ဒီစာကို အရင် သွားပေးချည်ပါ ဆို၍ လာပေးရကြောင်း ပြောပါသည်။  ထိုစာသည် ရုတ်တရက်ဆူပူပေါက်ကွဲမှုကို အရေးပေါ် တားဆီးရန် ရေးလိုက်သော စာသာ ဖြစ်ပါသည်။  စာပါ အကြောင်း အရာမှ .... ကျမ သဘော ကျ သလို အားလုံးစီစဉ် ပေးပါမည်ဖြစ်ကြောင်း ကျမ၏ စိတ်အနှောက်အယှက်ဖြစ်အောင် ယခုလဲ မလုပ်၊ နောက်ကို လဲ ဘယ်တော့မှ မလုပ်ပါ၊ သင်္ကန်းလဲ မချွတ်ပါ၊ ယခု အချိန်မှာ ဧည့်သည်တွေ ကလဲ အလွန် လာ၍ အနေရအထိုင်ရ အလွန်ခက်သဖြင့် နိဗ္ဗိန္ဒချောင် သို့ ပြန်သွားပရစေ၊  စီစဉ်ရန် ကိစ္စ အလိုရှိ၍ ခေါ်သော အခါ လာပါမည် စ သဖြင့် ရေး ထားပါသည်။

မန်နေဂျာသည် စာဖတ်ပြီးသော ကျမ ထံမှစကားပြန်ရန် စောင့်နေသည်။  အထွေ အထူးပြောရန် မလိုပါ။  ရှင်းလင်းစရာ ကိစ္စ တွေကို ၃-၄ ရက်အတွင်း ပြီးစီးအောင် ပြုလုပ်ပြီးမှသွား လိုရာသွားရန်၊ ယခုကဲ့သို့ မပြတ်သားဘဲ ရှောင်တိမ်းနေသလို ပြုလျှင် အင်မတန် အရုပ်ဆိုးသောကိစ္စများ လူသိရှင်ကြား ဖြစ်ကုန်မည် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြောလိုက်ပြီး လှူဘို့ရည်မှန်းပြီး ပစ္စည်းများအတွက် ကျမ သဘော အတိုင်းဖြစ်လာရန် ဤရက် အတွင်းမှာ ပြတ်ပြတ်, သားသား ခွဲခြားစီမံဘို့ နောက်တခါ ထပ်ပြော လိုက်ပါသည်။

 ပစ္စည်းများခွဲဝေရေးအတွက်အစီစဉ်


ကျမဝေစုကိုလှူပစ်ဘို့ခွဲခြမ်းသည့် စာချုပ် စာတမ်းများပြုလုပ်ရန်မှာ များများစားစား မဟုတ်ပါ။ ယခင် ရည်းစူးပြီသား ဖြစ်သော အိမ်ကြီးနှင့်သတင်းစာ ပုံနှိပ်တိုက်တို့မှ ငွေပင်, ငွေရင်း တန်ဘိုး ခွဲခြားရန် ဖြစ်ပါသည်။ လယ်လိုနည်းနာ နှင့် လွှဲပြောင်းရန် တာဝန်မကြီးလှစေကာမူ သတင်းစာနှင့်ပုံနှိပ်တိုက်က ဟန်ဆောင် ပါတနာ လုပ်ထားသောကြောင့် အစုခွဲဝေ ဖျက်သိမ်းပစ်ရပါဦး မည်။  ၎င်းပါတနာ ကိစ္စမှာ ကောင်ကလေး သုံးယောက် နာမည် ထည့်ထားသည်ဟု ပြောထား၍ သာမည လောက်ဘဲ ကျမ နားလည် ခဲ့ပါသည်။ ဘယ်သူက ဘယ်မျှ တန်ဘိုးပြထားသည် ဟု အတိအကျ မသိခဲ့ရပါ။ လင်မယား နှစ်ယောက် ပိုင်ထဲ မှာ ဒီကောင်ကလေး သုံးယောက် အတွက် အသင့်အတင့် မျှဘဲ ရှိလိမ့်ဟူ၍ သုံးယောက်အတွက် အသင့် အတင့်မျှဘဲ ရှိလိမ့်မည်ဟူ၍ လွန်ခဲ့သော ၇နှစ်ကျော်အချိန်ကပင် ယုံကြည် လာခဲ့ပါသည်။

ပါတနာ ဖျက်သိမ်း စာချုပ်များ ရေးဆွဲရန် ဗမာ့ခေတ်၏ အသုံးတော်ခံ အတိုင်ပင်ခံအဖြစ် သူတို့နှင့် နှစ် အတန်ကြာ က ပြွမ်းတီးဆက်သွယ်ခဲ့ပြီး ဖြစ်သော ရှေ့နေကြီး မွန်စံလှိုင်နှင့်တိုင်ပင် ဆွေးနွေးနေကြသည်ဟု သိရ ပါသည်။ ကျမသည် သူတို့လှုပ်ရှားသမျှကို အိမ်အပေါ်ထပ် အခန်းထဲမှ စောင့်ကြည့်နေပါသည်။ အလုပ်တိုက် အုပ်ချုပ်ရေးဋ္ဌာနမှ မန်နေဂျာ၊ စာရင်းနှင့် အထွေထွေဆိုင်ရာ သခင်ဗအေးတို့သည် မွန်စံလှိုင် ၏ ရှေ့နေရုံးခန်းသို့ ပြာလောင်ခတ်မျှ ၀င်ထွက်သွားလာနေကြဆဲဖြစ်ပါသည်။

နောက်တကြိမ် စာခေါက်ကြီး တခုကို မန်နေဂျာ လာပေးပြန်ပါသည်။ စာရွက်ရှည် နှင့်   ၆-မျက်နှာ အပြည့် ရေးထားသော စာများကို အတော်ကြာဘတ်ယူရပါသည်။ ထိုစာ၏ မူရင်းမှာ အောက်တွင် ဖေါ်ပြပါ အတိုင်း ဖြစ်ပါသည်။ ရှည်လျားသော အချက်အလက် အပိုအမို တွေနှင့် တန်ဆာဆင် ရေးထားသည်။ ဥပမာပြသော နှိုင်းယှဉ်ချက် မှ လူအမည် တို့ကို ချန်လှပ်ပြီး လိုရင်း အချုပ်ကိုသာ ထုတ်နှုတ် ဖေါ်ပြပါသည်။ ၄င်းစာ မူရင်း အတိုင်းမှာ-

ဒေါ်ခင်ခင်လေး။
ကျွန်တော်တို့နှစ်ဦးသည် ၁၉၄၀-ခုနှစ်ကစ၍ ယနေ့ ၁၉၆၀-ခုနှစ်အထိ အနှစ် ၂၀-ကြာမြင့်စွာ ဒိုးတူ ဘောင်ဘက် စီးပွားရှာခဲ့ကြသဖြင့်
၁။    စီးပွားရေးတွင် (ဒေါ်ခင်ခင်လေး၏ ခန့်မှန်းချက်အရ) ၁၅-သိန်းဘိုးတန်သည့် ပစ္စည်းဥစ္စာ များကို စုဆောင်း ရရှိခဲ့ကြပါသည်။
၂။    ဗမာ့ခေတ်သတင်းစာကို အကြောင်းပြု၍ ကျွန်တော်တို့ ၂ဦး မှာ ကျော်ဇော ထင်ရှားခြင်းကို ရခဲ့ကြ ပါသည်။
၃။    ယခုလက်ရှိဦးနုအစိုးရအာဏာရသည်မှာလည်း ဗမာ့ခေတ်သတင်းစာ၏ လုံ့လပယောဂ အများအပြား ပါဝင် သောကြောင့် ဖြစ်သည်ဟူ၍ ဗမာတပြည်လုံးက ယုံကြည်နေကြပါ သည်။
၎။    အလှူအတန်းကြီးများကိုလည်း ထင်ရှားစွာ ပြုလုပ်နိုင်ခဲ့ပါသည်။
၅။    မိမိတို့ စရိတ်ဖြင့်လည်း ကမ္ဘာကို နှစ်ပတ် လှည့်လည်နိုင်ခဲ့ပါသည်။

ဤသည်တို့ ကား ကျွန်တော်တို့ နှစ်ဦးစွမ်းဆောင်ခဲ့သော လုပ်ငန်းကြီးများ ဖြစ်ပါသည်။ ဤကဲ့သို့ အဆင်ပြေပြေ တင့်တင့်တယ်တယ်နေခဲ့ကြရာမှ ယနေ့ကြုံကြိုက်လာခဲ့ရသော အဆင်မပြေမှု ပြဿနာမှာ ကျွန်တော် ၏ တာဝန် လုံးဝဖြစ်သည်ဟူ၍ ကျွန်တော်ဝန်ခံပါသည်။

ထိုကဲ့သို့ (ယနေ့) ကြုံကြိုက်နေသော ပြဿနာကြောင့် ဒေါ်ခင်ခင်လေးမှာ ရောဂါရှိသူ- ထိုရောဂါကြောင့် မတော်တဆ ဆုံးပါးသွားလျှင် ကျွန်တော်တာဝန် ကင်းမည်မဟုတ် ဟု ယုံကြည်ပါသည်။
ထို့ကြောင့် (ယနေ့) ကြုံတွေ့နေသော ပြဿနာကို ဒေါ်ခင်ခင်လေး သဘောကျ၊ ဒေါ်ခင်ခင်လေး စိတ်ချမ်းသာ မှုကို ရှေ့ရှုလျက် ဖြေရှင်းလိုပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ တရားဥပဒေကို လက်ကိုင်ပြု၍ ပြောရလျှင် ဗုဒ္ဓဘာသာ လူမျိုးတို့ ထုံးတမ်း အစဉ်အလာ အရ မှာ လင်နှင့်မယား သဘောချင်း မတိုက်ဆိုင် ၍ ကွာရှင်းလိုလျှင် နှစ်ဦးပိုင် သရက်စေ့ ထက်ခြမ်း ကွဲညီ တူညီ မျှ ခွဲစေယူရစမြဲဖြစ်ပါသည်။ သို့ရာတွင် နှစ်ဦးသဘောတူပါက အခြားသော နည်းများ လည်း ရှိပါသေးသည်။

ပြုမှားမိသမျှ ပုထုဇဉ် သဘာဝမို့ပါ ဆက်ရန်
.

No comments: